ရန်ကုန်၊ ဇူလိုင် ၄
မန္တလေးတိုင်း၊ တောင်သာမြို့တွင် ဘီယာထွက်ဝယ်သည့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးကို အရှင်ဖမ်းမိပြီး ဆိုင်ကယ်နှင့် လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း တောင်သာမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၃ ရက်နေ့ ညနေပိုင်းတွင် တောင်သာမြို့ အမှတ် ၁ စွပ်ကျယ်စက်ရုံမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသည် အရက်ဘီယာဝယ်ရန် ထွက်လာစဉ် တောင်သာမြို့ပြင်သို့ ရောက်ရှိလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက အရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသော စစ်ကောင်စီ တပ်သားသည် ရန်ကုန် မှော်ဘီရဲတပ်ရင်း ၅ မှ ရဲတပ်သားအောင်သီဟနှင့် ဒုတပ်ကြပ် ဟန်ဝေအောင် တို့ဖြစ်ပြီး ၄င်းတို့ထံမှ ဆိုင်ကယ် ၁ စီး၊ ဖုန်း ၂ လုံးနှင့် လက်ပစ်ဗုံး ၁ လုံး တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
” တောင်သာမြို့ အမှတ် ၁ စွပ်ကျယ်စက်ရုံက အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦးကို အရှင် ဖမ်းဆီးနိုင်ခဲ့တယ်။ ရန်ကုန် မှော်ဘီရဲတပ်ရင်း ၅ က ရဲတပ်သားအောင်သီဟ နဲ့ ဒုတပ်ကြပ် ဟန်ဝေအောင် တို့ကို တောင်သာမြို့ပြင်ကို ကျွံထွက်လာလို့ အရှင်ဖမ်းမိနိုင်ခဲ့တာ” ဟု တောင်သာမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ယင်း စစ်ကောင်စီ တပ်သား ၂ ဦးကို တောင်သာမြို့နယ် ပကဖ က စစ်သုံ့ပန်း ဥပေဒနှင့် အညီ ဆက်လက် ထိန်းသိမ်းထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
