ရန်ကုန်၊ ဇူလိုင် ၄
မန္တလေးတိုင်း၊ တောင်သာမြို့နယ် တပင်ကန် ကျေးရွာ၊ ဆင်တဲဝ ချောင်းကူးတံတားထိပ် တွင်တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲချခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း လက်ရုံး Drone တပ်ဖွဲ့တာဝန်ခံ ဗိုလ်ဂတုံး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇွန်လ ၂၈ ရက်နေ့ တောင်သာမြို့နယ် တပင်ကန် ကျေးရွာ၊ ဆင်တဲဝ တံတားထိပ် တွင်တပ်စွဲထားသော စစ်တပ်ကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း ၊လက်ရုံးတပ်ဖြစ်သော ဒရုန်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင် အကြမ်းဖက် စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူများရှိကြောင်း သိရှိရသည်။
“တပင်ကန်တံတား သီတာယုမွန်စစ်ကျောင်း အင်အား ၅၀ခန့် ရှိပါတယ်။ ခွေးထိခိုက်မှုများပြားပါတယ်။ ၆ ကောင်သေပြီး၊ အများအပြားထိခိုက်ပါတယ်။ ပွဲကတော့ အားမရခဲ့ဘူး။ ခွေးအသေနည်းခဲ့လို့ပါ။ နောက်တစ်ခါ ဒီထက်ပိုရအောင် ကြိုးစားပါဦးမယ်”ဟု မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း လက်ရုံးဒရုန်း တပ်ဖွဲ့တာဝန်ခံ ဗိုလ်ဂတုံး ကပြောဆိုသည်။
အလားတူ ဇူလိုင်လ ၂ ရက်နေ့ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ တောင်တောရွာနှင့် ဖလက်ကန်ကျေးရွာအကြား စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပြီး PDF ရဲဘော် ၁၀ ဦးကျဆုံးပြီး စစ်တပ်ဘက်မှ ၂ ဦးကို အရှင်ဖမ်းဆီးရရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်း ညောင်ဦးမြို့နယ်၊ စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း၊ လက်နက်ခဲယမ်းအင်အားလည်း သာလွန်သဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပိတ်မိသွားပြီး ကျဆုံးခဲ့ကြောင်း သိရှိရသည်။
“တော်လှန်ရေးရဲဘော်တွေ ကျဆုံးတာမှန်ပါတယ်။ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကို ပြန်ခံတိုက်ရင်း ပိတ်မိကုန်တာ။ လက်နက်ခဲယမ်းကလည်း ကျနော်တို့က အရမ်းအားနည်းတယ်။ လက်နက်တွေလည်းဆုံးရှုံးတယ်” ဟု ညောင်းဦးမြို့နယ်မှ တော်လှန်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
