30.3 C
Yangon

သပိတ်ကျင်းမြို့နယ်သို့ စစ်တပ်က လေယာဉ်ဖြင့် ဆင့်ကွဲ ပေါက်ကွဲစေတတ်သည့် Cluster ဗုံးများ ကျဲချ တိုက်ခိုက်

Must read

ရန်ကုန်၊ ဇူလိုင် ၇

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းသို့ အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဆင့်ကွဲပေါက်ကွဲစေတတ်သည့် Cluster ဗုံးများ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၆ ရက်‌နေ့ ညနေ ၄ နာရီ ၂၆ မိနစ်ခန့်အချိန် အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာ လေတပ်မှ တက် လာသော တိုက် လေယာဉ် ၁ စီးဖြင့် သပိတ်ကျင်းမြို့နယ် ကွင်း ၂၉ ဂေါက်ကွင်းကို ဆင့်ကွဲပေါက်ကွဲစေတတ်သည့် Cluster ဗုံးများ ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ကွင်း ၂၉ ဂေါက်ကွင်းကို လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ထိခိုက်မှုမရှိသော်လည်း သစ်ပင်များသာ ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“ညနေ ၄ နာရီ ၂၆ မိနစ်နဲ့ ၃၂ မိနစ်မှာ လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်သွားတာပေါ့။ ကွင်း ၂၉ ဂေါက်ကွင်းကို ကျဲတာ Cluster ဗုံးသီးတွေ အသုံးပြု တိုက်ခိုက်သွားတာ ပြည်သူအထိအခိုက်မရှိပါဘူး” ဟု ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

ပြည်သူများ အနေဖြင့် အကြမ်းဖက် စစ်တပ်နှင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် လေကြောင်းရန် ကာကွယ်နိုင်ရန် အတွက် ဗုံးခိုကျင်းများ တူးထားကြရန် ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးနှိုးဆော်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article