27.2 C
Yangon

ကျောက်ပန်းတောင်းမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ Non-CDM လက်ထောက်ညွှန်ကြားရေးမှူး ၁ ဦး အပါအဝင် ၅ ဦးကို ဒေသကာကွယ်ရေးတပ်က ဖမ်းဆီး

Must read

ရန်ကုန်၊ ဇူလိုင် ၇

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ Non-CDM လက် ထောက် ညွှန်ကြားရေးမှူး ၁ ဦး အပါအဝင် ၅ ဦးကို ဒေသကာကွယ်ရေးတပ်တစ်ခုက ဖမ်းဆီးထားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန် ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးကျေးရွာအုပ်စု၊ ပုပ္ပါးတောင်ဥယျာဉ် ရေဆူစခန်းတွင် သစ်ပင်စိုက်နေသည့် သစ်တောဝန်ထမ်း ၃ ဦးနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၁ ဦး တို့ကို ဒေသကာကွယ်ရေးတစ်ခုက ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးခံရသူများမှာ ပုပ္ပါးတောင်ဥယျာဉ်မှ လက်ထောက်ညွှန်ကြားရေးမှူး လည်းဖြစ် ဥယျာဉ်အုပ်ချုပ်ရေးမှုးလည်းဖြစ်သူ တင်အုန်းကျော်၊ တောအုပ် ကျော်နိုင်ဦး၊ တောခေါင်း ရဲလင်းထက်၊ တောခေါင်း ၏ ယာဥ်မောင်း၊ ရေနံ့သာဒင်္ဂါး သစ်ပင်စိုက်အဖွဲ့တာဝန်ခံ ဝေလင်းထွန်း(ရေနံချောင်းမြို့နယ်)တို့သည် သစ်တောရေဆူစခန်းတွင် သစ်ပင်စိုက်ပျိုးနေစဥ် ဖမ်းဆီးခံရကြောင်း သိရှိရသည်။

“Non-CDM ဝန်ထမ်းတွေ အဖမ်းခံရတာတော့ မှန်ကန်ပါတယ်။ လုပ်တဲ့အဖွဲ့ကတော့ သတင်းထုတ်ပြန်မယ်ထင်တယ်။ ဖမ်းဆီးခံထားရတော့ ကျနော်တို့ အတည်ပြုလို့ရတယ်” ဟု ကျောက်ပန်းတောင်းအခြေစိုက် ဒေသတော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဖမ်းဆီးခံရထားသော Non-CDM ဝန်ထမ်းများနှင့်အတူ Non-CDM ဝန်ထမ်း တင်အုန်းကျော် ပိုင်ဆိုင်သည့် 4H/5335 Mitsubishi ကား ၁ စီးပါ တော်လှန်ရေးတပ်ဖွဲ့က သိမ်းဆည်းထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article