အခွန်ကိစ္စ အမေရိကန်နှင့်ညှိနှိုင်းမည်ဟု အကြမ်းဖက် ဇော်မင်းထွန်း တုံ့ပြန်လိုက်ပြီး အခွန်ကိစ္စ အကြောင်း ပြု၍ အမေရိကန်နှင့် ဆက်ဆံရေးထူထောင်ရန် စစ်ကောင်စီက လိုလား
ရန်ကုန်၊ ဇူလိုင် ၉
ဇူလိုင်လ ၇ ရက်နေ့ နေ့စွဲဖြင့် အမေရိကန်သမ္မတ ထရမ့်က အကြမ်းဖက် မင်းအောင်လှိုင်ထံသို့ မြန်မာထုတ်ကုန်များအပေါ် အခွန် ၄၀ ရာခိုင်နှုန်း လာမည့် ဩဂုတ်လ ၁ ရက်နေ့မှစတင်ကောက်ခံမည်ဖြစ်ကြောင်း စာရေး အသိပေးလာခြင်းဖြစ်သည်။
ယင်းစာရေးသားမှုအပေါ် စစ်တပ်အသိုင်းအ၀ိုင်းက အမေရိကန်သမ္မတထရမ့်က မင်းအောင်လှိုင်ကို တရားဝင် အသိအမှတ်ပြုလိုက်ခြင်းဖြစ်ကြောင်း စစ်တပ်ထောက်ခံသူများ၊ စစ်လော်ဘီများနှင့်စစ်တပ် အသိုင်းအ၀ိုင်းက အကြီးအကျယ် အောင်ပွဲခံလျက်ရှိနေကြသည်။
“ကဲခုတော့ ဘာပြောမလဲ။ တရားဝင်မှု အကြောင်း ပြောလို့ရပြီလား။ ကိုယ့်အကြောင်းကို ကိုယ် သိသွားကြပီလား။ Legitimacy ဆိုတာ အဲတာကိုပြောတာ” ဟု အကြမ်းဖက် စစ်တပ်ကို ထောက်ခံသော တပ်ကြပ်ကြီး ဖိုးစည် တယ်လီဂရန်ချန်နယ်က ရေးသားထားသည်။
ထို့ပြင် အကြမ်းဖက်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ အကြမ်းဖက် ဇော်မင်းထွန်းကလည်း ထရမ့်၏ စာကို လက်ခံရရှိပြီး ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
“ဒီစာကိုလည်း ကျနော်တို့ ကောင်းမွန်စွာ လက်ခံရရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံရဲ့ကုန် သွယ်မှုပမာဏအနေနဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၇၀၁ ဒသမ ၉ သန်းခန့်ရှိခဲ့ပါတယ်။ ၂၀၂၄-၂၀၂၅ ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၅၈၈ ဒသမ ၃ သန်းကျော်လောက်ရှိခဲ့ပါတယ်။ ညှိနှိုင်းမှုတွေကနေပြီး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် ရလဒ်တွေ ရရှိမယ်လို့ မျှော်လင့်ပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။
နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကမူ အမေရိကန်အစိုးရ၏ အခွန်ကိစ္စ စာရေးသားလာမှုအပေါ် အခြေခံ၍ စစ်ကောင်စီအနေဖြင့် ဆက်ဆံရေး ပြန်လည် ထူထောင်ရန် လိုလားနေကြောင်း၊ ထိတွေ့ ဆက် ဆံမှု များမှတစ်ဆင့် နှစ်နိုင်ငံ ဆက်ဆံရေး ပြန် လည် ကောင်းမွန်ရေး၊ ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဖယ်ရှားရေးအထိ စစ်ကောင်စီက လိုလားကြိုးစားဖွယ်ရှိနေကြောင်း သုံးသပ် ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
