26.9 C
Yangon

စစ်ကောင်စီ၏ တောင်ငူ ကေတုမတီ လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ ဇူလိုင် ၉

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ကေတုမတီ လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၈ ရက်နေ့ နံနက် အစောပိုင်း ၄ နာရီ ၃၃ မိနစ်ခန့်တွင် ကေတုမတီ လေတပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးပစ်ခတ်ခဲ့ရာ ၄ လုံးသာ အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်မှလည်း ပြန်လည် ပစ်ခတ်မှုများကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ယင်းနေ့ ည ၁၁ နာရီ ၅၅ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်ကြားမှ တော်လှန်ရေး တပ်ဖွဲ့များက ကေတုမတီ လေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးထပ်မံ သွားရောက်ပစ်ခတ်ခဲ့ရာ ၇ လုံးသာ လေတပ်အတွင်း အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။

ထို တောင်ငူလေတပ် စခန်းဌာနချုပ်သည် ကရင်ပြည်နယ်၊ ကရင်နီ၊ ရှမ်းတောင် ရှိတော်လှန်ရေးအင်အားစုများ၊ စစ်ရှောင်ပြည်သူ လူထုကို နေ့စဉ် ဗုံးကျဲ သတ်ဖြတ်နေသော လေယာဉ်များ ထားရှိသည့် လေတပ်စခန်း တစ်ခုဖြစ်သောကြောင့် ယခုကဲ့သို တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှုကို BWM ၏ mission 42 အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရှော့တိုက်ဒုံးများသည် တောင်ငူလေတပ် အတွင်းကျရောက် ပေါက်ကွဲကာ ထပ်ဆင့်ပေါက်ကွဲသံများ ကြားရကြောင်း၊ နောက်ဆက်တွဲ ထိခိုက် ပျက်စီးမှုများကို ထပ်မံ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

” ပစ်တာက ၁၂ လုံးပါ။ ၁၁ လုံးအောင်ပါတယ်။ ဒီတစ်ခေါက်မစ်ရှင်ကတော့ တနေ့တည်းကို တနေရာတည်းကို ၂ ကြိမ်ပစ်ရတဲ့အတွက် အခက်အခဲနဲ့ အန္တရာယ်တော့ အတော်များပါတယ်။ ဒုတိယအကြိမ်မှာက မပစ်ခင်မှာကတည်းက စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ရမ်းပစ်နေတာ” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲတိုသည် KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article