ဒီကနေ့ ဇူလိုင် ၁၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်အာဏာရှင်အဆက်ဆက်ကို ဓမ္မနဲ့ ဆန့်ကျင်တော်လှန်ခဲ့တဲ့ ရွှေညဝါဆရာတော် အရှင်ပညာသီဟ ဟာ ဒီကနေ့ ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာပဲ ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။
- အကြမ်းဖက် စစ်ကောင်စီရဲ့ တောင်ငူမြို့အခြေစိုက် ခလရ ၃၉ တပ်ရင်းကို KNLA ပူးပေါင်းတပ်တွေက ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အရာရှိ ၂ ဦး အပါအဝင် စစ်သား ၅ ဦးကတော့ အသီးသီး သေကုန်ကြပြီလို့ (BWM) တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ဧရာဝတီတိုင်းက အသုတ်မြို့မှာရှိတဲ့ တဇောင်ရိုး ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကနေ ထွက်ပြေး သွားတဲ့ စစ်သား ၅ ဦးကို သူတို့စစ်သားအချင်းချင်း လိုက်လံ ဖမ်းဆီးရာမှာ စစ်သား ၁ ဦးကတော့ ပွဲချင်းပြီးကို သေသွားပြီး ၊ ၂ ဦးကို ပြန်ဖမ်းမိသလို လွတ်မြောက်သွားတဲ့ စစ်သား ၂ ဦးကိုတော့ ရဲစခန်းမှူး ဇော်နိုင်ထွန်း ဆိုသူက သူရာထူးတက်ဖို့အတွက် ရအောင်ဖမ်းမယ်ဆိုပြီး ကြွေးကြော်နေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
