ဒီကနေ့ ဇူလိုင် ၁၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီရဲ့တောင်ငူ လေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ပစ်ခတ်တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲအနေနဲ့ စစ်ကောင်စီဘက်က လေတပ် အရာရှိ ၅ ဦး အပါအဝင် ၁၁ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် ၊ တပ်တွင်းဆေးခန်းမှာလည်း လူနာအပြည့် ဖြစ်နေသလို လေယာဉ် ၂ စီးလည်း ထိခိုက်ပျက်ဆီးမှုတွေရှိထားတဲ့အကြောင်းကို သိထားရတယ်လို့ BWM တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ၁ ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ထိုင်း-မြန်မာနယ်စပ်က အကြမ်းဖက် စစ်ကောင်စီရဲ့ သုခ တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ မသိမ်းပိုက်ခင် စစ်ကောင်စီဘက်က ဗိုလ်ကြီး မျိုးဆွေဦး ဆိုသူဟာ လက်နက်ခဲယမ်းတွေနဲ့အတူ တော်လှန်ရေးတပ်တွေဆီကို အရင်ဆုံး အလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေး မှူး ပဒိုစောအယ်နားက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ကရင်ပြည်နယ်က ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို ပြန်လည် ထိန်းချုပ်နိုင်အောင်ဆိုပြီး စစ်ကြောင်းထိုးလာပြန်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး ထုံးစံအတိုင်း စစ်ကောင်စီဘက်က သေတဲ့သူတွေ ဒဏ်ရာရတဲ့သူတွေ တော်တော်ကို များနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
