27.2 C
Yangon

စစ်ကိုင်းတွင် ငလျင်ဘေး ကယ်ဆယ်ရေးလုပ်နေသည့် နမ့်လတ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ရုံးနှင့်အဖွဲ့ဝင်တချို့ကို စစ်ကောင်စီက စီးနင်း ဖမ်းဆီးပြီး အသင်းပိုင် ကားနှင့်ပစ္စည်းများ ကို ချိတ်ပိတ်သိမ်းယူ

Must read

🟥 စစ်ကိုင်းမြို့ပေါ်ရှိ ၈၈၈၈ အရေးတော်ပုံနှစ် ၃၀ ပြည့် ကျောက်စာတိုင်ကိုလည်း စစ်တပ်က ဖျက်ဆီး

ရန်ကုန်၊ ဇူလိုင် ၁၀

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ သုဓမ္မာ ဓမ္မာရုံတွင် စခန်းချထားပြီး ငလျင်ဘေးဒဏ် သင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် နမ့်လတ် လူမှုကူညီကယ်ရေးအဖွဲ့ကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသနေပြည်သူများနှင့် စစ်ကိုင်းမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးတို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၈ ရက် ညနေပိုင်း စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ သုဓမ္မာ ဓမ္မာရုံတွင် တည်းခို စခန်းချ၍ စစ်ကိုင်းငလျင်ဘေးဒဏ်သင့် ပြည်သူများ၏ နေအိမ်အပျက်အစီးများကို အခမဲ့ ဖြိုချပေးခြင်း၊ သောက်သုံးရေသန့်၊ အိမ်များဆောက်လုပ်လှူဒါန်းပေးခြင်း၊ ငလျင်ဘေးသင့် ပြည်သူများ ကို ယာယီတဲအိမ်ငယ်များ ဆောက်လုပ်လှူဒါန်းပေးခြင်း အပါအဝင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသည့်အဖွဲ့ စခန်းကို စစ်ကောင်စီတပ်သားများက ဝင်ရောက်စီးနင်းပြီး အဖွဲ့ဝင်တချို့ကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရာ အဖွဲ့သူအဖွဲ့သား တချို့ အပါအဝင် ပရဟိတလုပ်ငန်းသုံး ယာဉ်၊ ကယ်ဆယ်ရေး ပစ္စည်း ကိရိယာများကို ပါသိမ်းဆည်းသွားခြင်းဖြစ်ပြီး မည်သည့်အကြောင်းကြောင့်၊ မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင် သွားသည်ကို သိရှိရခြင်းမရှိသေး ကြောင်း သိရသည်။

“ဖမ်းသွားတာမှန်ပါတယ်၊ ဘယ်နှစ်ယောက်ပါသွားလဲ၊ ဘယ်နေရာကို ဖမ်းခေါ်သွားလည်းတော့ မသိ ရ သေးဘူး။ အဲဒီနားမှာက တောင်ဘက်မှာဆိုရင် ဝါးတားဂိတ်နဲ့ ပိတ်ထားတာ၊ ရဲစခန်း၊ ရုံးတွေလည်း ရှိတယ်၊ စခတွေရဲ့အဖွဲ့လို့တောင်ထင်နေတာ၊ အခုလို ဖမ်းသွားတာယုံတောင်မယုံနိုင်ဘူး၊ အဲဒီအဖွဲ့ ရှိ တာသိတယ်၊ တွေ့လည်းတွေ့ဖူးတယ်၊ မြင်လည်းမြင်ဖူးတယ်၊ စခတွေလည်း အဲနားမှာ အမြဲတမ်း တွေ့ရတယ်” ဟု စစ်ကိုင်းမြို့နယ်တွင် အခြေပြုလှုပ်ရှားနေသည့် UG ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက နမ့်လတ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ၏ ဖုန်းနံပါတ်များကို ဆက်သွယ်၍ အသေးစိတ်အခြေအနေများကို ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း အသင်း၏ ဖုန်းနံပါတ်များအားလုံးမှာ ခေါ်ဆို၍ မရဘဲ ဖုန်းပိတ်ထားသည်ကို တွေ့ရှိရသည်။

ထို့အပြင် စစ်ကိုင်းမြို့၊ သုဓမ္မာ ဓမ္မာရုံအနီး၌ ၂၀၁၈ ခုနှစ်၊ NLA အစိုးရလက်ထက်က စိုက်ထူခဲ့သည့် ၈၈၈၈ အရေးတော်ပုံ နှစ် ၃၀ ပြည့် အထိမ်းအမှတ် ကျောက်စာတိုင်လည်း စစ်တပ်က ဖျက်ဆီးရှင်းလင်း သွား ကြောင်း သိရသည်။

ဓာတ်ပုံ – နမ့်လတ်ပရဟိတအဖွဲ့၏ ကူညီကယ်ဆယ်ရေးလှုပ်ရှားမှုတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

နမ့်လတ်ပရဟိတအဖွဲ့၏ ကူညီကယ်ဆယ်ရေးလှုပ်ရှားမှုတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article