ရန်ကုန်၊ ဇူလိုင် ၁၁
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာ စစ်ဘေးရှောင်များနေထိုင်ရာ ဘုန်းကြီး ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ စစ်ဘေးရှောင် ပြည်သူ ၂၈ ဦးသေဆုံးကြောင်း၊ ဒဏ်ရာရသူများပြားလွန်း၍ သေဆုံးသူ မြင့်တက် လာနိုင်ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၀၀ နာရီမှ နံနက် ၁ နာရီအကြား စစ်တပ်က တိုက်လေယာဉ်ဖြင့် ၂ ကြိမ် လင်းတလူး ကျေးရွာ ဘုန်းကြီးကျောင်းကို ဗုံးကျဲချကြောင်း၊ ဗုံးကျဲမှုကြောင့် လင်းတလူးကျေးရွာ ဘုန်း ကြီးကျောင်းတွင် စစ်ဘေးရှောင်နေသော ပြည်သူ ၂၈ ဦး သေဆုံးပြီး သေဆုံးသူအရေအတွက်တိုးလာနိုင်ကြောင်း သိရှိရသည်။
” ဒီမနက် ၁ နာရီလောက်မှာ လင်းတလူကျေးရွာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကျဲပါတယ်။ လော လောဆယ်တော့ ကလေး၊ လူကြီး စုစုပေါင်း ၂၈ ဦးသေဆုံးပါတယ်။ ဒဏ်ရာရရှိသူ များပြားတာမို့ သေဆုံးသူ ထပ်တိုးလာနိုင်ပါတယ်။ သေဆုံးတဲ့ စစ်ဘေးရှောင်တွေက ကျော်ဇေယျကျေးရွာက အများဆုံးဖြစ်မယ်” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် လေကြောင်းတိုက်ခိုက်ခံရသော ဘုန်းကြီးကျောင်းကို ကယ်ဆယ်ရေးလုပ်ဆောင်နေသော်လည်း နောက်ထပ် လေကြောင်းအန္တရာယ်ကို စိုးရိမ်နေရကြောင်း၊ ဒဏ်ရာရရှိသူများကို ဆေးဝါးကုသမှုများပေးနေသော်လည်း ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်သော ဆရာဝန်၊ သူနာပြု လိုအပ်ချက်ကြီးမားနေကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


