25.2 C
Yangon

ဝက်လက်မြို့နယ်၊ ရေလည်မော်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇူလိုင် ၁၁

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရေလည်မော်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၁ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ရေလည်မော်ရွာကို တံတားဦး လေတပ်မှ တက်လာသည့် J-Fighter ၁ စီး က ပေါင် ၁၀၀ ဗုံးသီး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး စက်သေနတ်ဖြင့် ၁ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် အတွင်း အသက် ၅၀ ကျော်အရွယ် ပြည်သူ ၁ ဦး သေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒီနေ့ နံနက် ၉ နာရီလောက်မှာ ဝက်လက်မြို့နယ်၊ အရှေ့ခြမ်း ရေလည်မော်ရွာကို တံတားဦးက တက်လာတဲ့ J-Fighter ၁ စီးနဲ့ ၄ ကြိမ် ဗုံးကျဲ သွားတယ်။ အသက် ၅၀ ကျော်အရွယ် ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ သူတွေထဲမှာလည်း ပြင်းထန်ဒဏ်ရာရတဲ့ သူတွေပါဝင်တယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article