24.6 C
Yangon

မန္တလေးတောင်ခြေရှိ စစ်တပ် တပ်ရင်းများက ယမန်နေ့ တစ်ညလုံး လက်နက်ကြီးများဖြင့် မင်းကွန်းဒေသသို့ ပစ်ခတ်ခဲ့

Must read

ရန်ကုန်၊ ဇူလိုင် ၁၁

မန္တလေးတောင်ခြေရှိ စစ်တပ် တပ်ရင်းများက ယမန်နေ့ တစ်ညလုံး လက်နက်ကြီးများဖြင့် မင်းကွန်းဒေသသို့ ပစ်ခတ်ခဲ့သဖြင့် မန္တလေးတစ်မြို့လုံး လက်နက်ကြီးသံများ ဖုံးလွှမ်းသွားခဲ့ကြောင်း မန္တလေးမှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ညပိုင်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ ခိုတောင်ရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲအတွက် မန္တလေးတောင်ခြေမှ တပ်ရင်းများက မင်းကွန်း၊ ခိုတောင်ရွာ ပတ်ဝန်းကျင်သို့ လက်နက်ကြီးများဖြင့် တစ်ညလုံးပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ကြီးပစ်ခတ်၍ မင်းကွန်းဒေသမှ စစ်ကောင်စီတပ်များကို စစ်ကူပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မန္တလေးတောင်ခြေအနီးတစ်၀ိုက်တွင်စစ်လက်နက်ပစ္စည်းတပ်ရင်း(ပင်မ)နှင့် ခလရ ၉၅ ၊ ခြေမြန်တပ်ရင်း တပ်မ ၁၀၁၊ ယန္တရားတပ် အစရှိသည့် စစ်ကောင်စီတပ်များ အခြေစိုက်ထားတာကာ ယင်းတပ်များက လက်နက်ကြီးများဖြင့် မင်းကွန်းဒေသဘက်သို့ ဦးတည်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“မန်းတောင်ခြေမှာရှိတဲ့ တပ်တွေက လှမ်းပစ်နေတာ။ မင်းကွန်း ခိုတောင်ရွာနား ပွဲကနေတယ်လို့ သိရတယ်။ မန်းလေးတောင်ပေါ်ကနေ လက်နက်တွေနဲ့ လှမ်းထုနေတာ။ အကုန်ကြားရတယ်။ တမြို့လုံး တအုန်းအုန်း လေယာဥ်တွေရော ဝဲနေတာ။ ၄ လုံးလောက်ကွဲတဲ့ အသံတော်တော်ကြားရတယ်”ဟု ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မန္တလေးမြို့နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဓာတ်ပုံ – မန္တလေးတောင်ခြေအနီးရှိ ခလရ ၉၅ တပ်ရင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article