ဒီကနေ့ ဇူလိုင် ၁၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အာဆီယံရဲ့ မြန်မာ့အရေး ဖြေရှင်းရေးမှာ ဦးစားပေးမဟုတ်ဘူးလို့ အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ထပ်မံပြောဆိုလိုက်ပြီး ၊ တစ်ဖက်မှာလည်း စစ်ကောင်စီက ကန့်ကွက်နေပမယ့် တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင်သစ်အဖြစ် အောက်တိုဘာလမှာ တရားဝင် လက်ခံမှာဖြစ်တယ်လို့ ထပ်မံကြေညာ အသိပေးလိုက်ပါတယ်။
- စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာက စစ်ဘေးရှောင်တွေ နေထိုင်ရာ ဘုန်းကြီး ကျောင်းကို အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်နဲ့လာပြီး ဗုံးကျဲတိုက်ခိုက်သွားမှုကြောင့် စစ်ရှောင်ပြည်သူ ၂၈ ဦး သေဆုံးထားပြီး ဒဏ်ရာရတဲ့သူတွေလည်း များတဲ့အတွက် သေဆုံးသူ ဦးရေပါ မြင့်တက်လာနိုင်တဲ့ အခြေနေမှာ ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မင်းကွန်းဒေသမှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပြီး ၊ အဲ့ဒီ့နေရာတွေကို မန္တလေးတောင်ခြေမှာရှိတဲ့ စစ်ကောင်စီ တပ်ရင်းတွေ ကနေပါ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ကူပေးနေရတာဟာ လက်နက်ကြီး သံတွေကို မန္တလေးမြို့ခံတွေပါ တော်တော်များများ ကြားနေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
