30.8 C
Yangon

စစ်တပ်က KNLA ပူးပေါင်းတပ်များကို ကာမိကာဇေဒရုန်း ၄ စီးဖြင့် တိုက်ခိုက်၊ တော်လှန်ရေးတပ်များကလည်း ထိုင်း-မြန်မာနယ်စပ်မှ လက်ကျန်စစ်တပ်စခန်း ၂ ခုကို သိမ်းပိုက်ရေး အရှိန်မြှင့်ထိုးစစ်ဆင်နေ

Must read

ရန်ကုန်၊ ဇူလိုင် ၁၄

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်တွင် အကြမ်းဖက်စစ်တပ်က KNLA ပူးပေါင်းတပ်များကို ကာမိကာဇေဒရုန်း ၄ စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြ သည်။

ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်း ထိုင်း-မြန်မာနယ်စပ်အနီးရှိ KNLA နှင့်ပူးပေါင်းတပ်များကို စစ်ကောင်စီက ကာမိကာဇေ ဒရုန်း ၄ စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးမှု အခြေအနေကို ထိုင်းဘက်အခြမ်းမှ မြင်တွေ့ရကြောင်း ထိုင်းသတင်းဌာနများက သတင်းရေးသားဖော်ပြသည်။

လက်ရှိ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်တွင် စစ်ကောင်စီ၏ တပ်စခန်း ၂ ခုသာ ကျန်ရှိတော့ပြီး ကရင်အမျိုးသားအစည်းအရုံး – KNU ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းများအားလုံး ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း Force for Federal Democracy – FFD တပ်ဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

“ဝေါလေစခန်းကို KNU ၊ KNLA စစ်ရေးဦးဆောင်မှုနဲ့အတူ ကျနော်တို့မဟာမိတ်ပူးပေါင်းတပ်တွေ ရယ်၊ ကျနော်တို့ FFD တပ်ဖွဲ့ရယ် ပူးပေါင်းပြီးတော့ တိုက်ခိုက်နေတာဖြစ်ပါတယ်၊ တပ်မဟာ ၆ ထဲမှာ သာမက KNLA တောင်းပိုင်းတိုင်း စစ်မျက်နှာအကုန်လုံး နီးပါးမှာ စစ်ရေးဖော်ဆောင်မှုတွေတောက် လျှောက် လုပ်ဆောင်နေပြီးတော့ အကြမ်းဖက်စစ်ကောင်စီုရဲ့နယ်မြေတွေကိုတောက်လျှောက် ထိုး စစ်ဆင်မှုများစွာပြုလုပ်လျက်ရှိပါတယ်။ ကျနော်တို့ ဥကရစ်ထနဲ့ ဝေါလေ စခန်းတွေကတော့ စစ်ရေး ဖော်ဆောင်မှုတပြိုင်နက်တည်းလုပ် ဆောင်နေတာ ဖြစ်ပါတယ်၊ တကယ်တော့ ဒီစခန်း ၂ ခုတည်း တင် မဟုတ်ပါဘူး။ တပ်မဟာ အသီးသီး မှာ စစ်ရေး ဖော်ဆောင်မှုတွေကို တပြိုင်နက်တည်း ပြုလုပ် ပြီးတော့ တိုက်ခိုက်နေတာရှိပါတယ်” ဟု Force for Federal Democracy – FFD တပ်ဖွဲ့မှ တာဝန်ရှိ သူ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၁၁ ရက်နေ့ကလည်း မြဝတီမြို့နယ်၊ ထိုင်း -မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ဝေါလေဗျူဟာ စခန်းအတွင်းမှ လက်နက်ခဲယမ်းတိုက်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ လက်နက်တိုက်အတွင်းရှိ လက်နက်ခဲယမ်းများ၏ ထပ်ဆင့်ပေါက်ကွဲမှုကြောင့် ကြီးမား သော ပေါက်ကွဲမှု နှင့်အတူ မီးလောင် ပျက်စီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လက်နက်တိုက်ကို တိုက်ခိုက်တဲ့အချိန်မှာ လက်နက်တိုက်ထဲမှာက ခဲယမ်းတွေရှိလို့ ပေါက်ကွဲအား ပြင်းထန်သွားတာပါ၊ ရန်သူ့လက်နက်တိုက်ကတော့ အပြီးပျက်စီးသွားတာဖြစ်ပါတယ်၊” ဟု Force for Federal Democracy – FFD တပ်ဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးကပြောဆိုသည်။

ဇူလိုင်လ ၁၂ ရက်နေ့ တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဥကရစ် ထ စစ် ကောင်စီ စခန်းကို KNLA၊ PDF ဗျူဟာ ၃၂ တော်လှန်ရေးတပ်ဖွဲ့များ၊ VENOM စစ်ကြောင်း ၊ပူး ပေါင်း တပ်ဖွဲ့များ နှင့်အတူ Cobra Column စစ်ကြောင်း ၁ ၊ တပ်ခွဲ ၂(PKYY) တို့က တိုက်ခိုက်ရာ စစ်သား ၁၀၀ နီးပါး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးပြီး စခန်းသိမ်းပိုက်ရရှိခဲ့ကြောင်း၊ စခန်းသိမ်းတိုက်ပွဲတွင် ၆၀ မမ အပါအဝင် လက်နက်ကြီးများနှင့် အခြား လက်နက်ခဲယမ်း အများအပြားအား သိမ်းဆည်းရရှိခဲ့ ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ထိုင်း-မြန်မာနယ်စပ်တစ်ခုလုံးတွင် ဝေါ်လေဗျူဟာကုန်းနှင့် တီသဲလယ် စစ်တပ်စခန်း ၂ ခုသာ ကျန်ရှိ တော့ပြီး မြေပြင်စစ်ကူပေးပို့နိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

မတ်လခန့်မှစ၍ KNU/KNLA တပ်ဖွဲ့၏ စစ်ရေးဦးဆောင်မှုနှင့်အတူ Force for Federal Democracy – FFD တပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များပူးပေါင်းကာ တောင်းပိုင်းစစ်မျက်နှာတစ်လုံးရှိ အ ကြမ်းဖက်စစ်ကောင် စီ တပ်စခန်းမျးအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ထိုင်း-မြန်မာ နယ်စပ်အနီးမှ စစ်ကောင်စီ၏ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်း များ၊ မယ်လ၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်းနှင့် ရွှေအေးမြိုင်တပ်စခန်း၊ ဇွန်လ ၃ ရက်နေ့တွင် သေ့ဘောဘိုးစခန်း၊ ဇွန်လ ၂၂ ရက်နေ့တွင် ထီးကပလယ်စခန်း၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် ဥကရစ်ထစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည်။

ဓာတ်ပုံ – ယမန်နေ့ စစ်ကောင်စီတပ်က ကာမိကာဇေဒရုန်းဖြင့် တိုက်ခိုက်နေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article