30.8 C
Yangon

အလင်းဝင်ထားသော ဗိုလ်ကြီးမျိုးဆွေဦး၏ ချိတ်ဆက်ပေးမှုဖြင့် စစ်ကောင်စီတပ်မှ တပ်ခွဲမှူး ဗိုလ်ကြီး ဇော်ဇော်အောင် KNLA ထံတွင် ထပ်မံ အလင်းဝင်

Must read

ရန်ကုန်၊ ဇူလိုင် ၁၄

ကရင်လွတ်မြောက်ရေးတပ်မတော် KNLA ထံတွင် အလင်းဝင်ခဲ့သော ဗိုလ်ကြီးမျိုးဆွေဦး၏ ချိတ် ဆက်ပေးမှုဖြင့် စစ်ကောင်စီတပ်မှ တပ်ခွဲမှူး ဗိုလ်ကြီး ဇော်ဇော်အောင်လည်း ထပ်မံ အလင်းဝင်လာကြောင်း KNU မြိတ် -ထားဝယ် ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့ လောင်းလုံးမြို့နယ်၊ နတ်အိမ်ထောင်နှင့် အမြောက်ကုန်းလှုပ်ရှား တပ်ခွဲမှ တပ်ခွဲမှူး ဗိုလ်ကြီး ဇော်ဇော်အောင်သည် စစ်ကောင်စီ၏ လက်ရှိကျင့်သုံးနေသော စနစ်နှင့် ဆောင် ရွက်နေသည့် နည်းလမ်းများကို လက်မခံနိုင်တော့သဖြင့် ဇူလိုင်လ ၁၀ ရက်နေ့က အလင်းဝင် ခဲ့သူ ဗိုလ်ကြီးမျိုးဆွေဦး (ခ) စောမိုးဇက်နှင့်ချိတ်ဆက်ကာ KNLA တပ်မဟာ-၄၊ တပ်ရင်း ၁ဝ ထံသို့ ထပ်မံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

“သူက အလင်းဝင်လာတာ တစ်ယောက်တည်းပါပဲ၊ ဒါပေမယ့် သူက တပ်ခွဲမှူးအဆင့်၊ နတ်အိမ် တောင် စခန်းမှာ လှုပ်ရှားတပ်ခွဲ တပ်ခွဲမှူးပေါ့၊ လက်နက်မပါလာဘူး။ လောလောဆယ်မှာတော့ သူက KNLA တပ်မဟာ ၄ တပ်ရင်း ၁၀ တပ်ရင်းမှူးနဲ့အတူတူနေတယ်၊” ဟု KNU မြိတ် -ထားဝယ် ခရိုင် အတွင်း ရေးမှူး ပဒိုစောအယ်နားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလင်းဝင်ရောက်ခဲ့သူ ဗိုလ်ကြီးဇော်ဇော်အောင်သည် DSA အပတ်စဉ် ၅၂ သင်တန်းဆင်းဖြစ်ပြီး လက်ရှိတွင် ခလရ ၁၀၄ လက်အောက်ခံ လောင်းလုံးမြို့နယ် နတ်အိမ်တောင် နှင့် အမြှောက်ကုန်း လှုပ် ရှားတပ်ခွဲ၌ တပ်ခွဲမှူးအဖြစ် တာဝန်ယူထားသူဖြစ်ကြောင်း၊ ထိုသို့ ပြောင်းခိုလှုံလာခြင်းအပေါ် KNLA တပ်မဟာ ၄ မှ ဝမ်းမြောက်ဂုဏ်ယူခြင်းနှင့်အတူ လှိုက်လှဲနွေး ထွေး စွာ ကြိုဆိုပါကြောင်း အသိပေးထားသည်။

“နောက်ထပ်အလင်းဝင်လာမယ့် စကစတပ်သားတွေကို တိုက်တွန်းချင်တာက စကစက စစ်အာဏာ ရှင်ဖြစ်တယ်၊ တပ်မတော်က ပြည်သူ့တပ်မတော်၊ နိုင်ငံတော် တပ်မတော် အစစ်အမှန်မဟုတ်ဘူး။ ဒါ့ ကြောင့် ဒီစစ်အာဏာရှင် စနစ်ကို ကျဆုံးအောင် နိုင်ငံ တော်ကိုချစ်တဲ့ တပ်မတော်သားတွေ၊ တပ်မ တော်ခေါင်းဆောင်တွေအနေနဲ့ ဆုံးဖြတ်ချက်တစ်ခုခုတော့ ဆုံးဖြတ်ရမှာ၊ ပြည် သူလူထုဘက်နဲ့ အမှန် တရားဘက်က ရပ်တည်မှ ဒီစစ်အုပ်စုက မြန်မာဆန်ဆန် ပြိုကွဲနိုင်မှာဖြစ်တယ်၊ သူတို့ရဲ့ပေးဆပ်မှု တွေ၊ အသက်တွေက နိုင်ငံတော်အတွက်မဟုတ်ပဲနဲ့ ဒီစစ်အုပ်စုခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားကိုပဲ ဖြစ်မယ်၊ တိုင်းရင်းသားပြည်သူ လူထုကို ကိုယ်ချင်းစာပြီးတော့ အမှန်တရားဘက်ကို ရပ်တည်ပေးပါ၊ ပြည်သူလူထုနဲ့နိုင်ငံကိုချစ်တယ်ဆိုရင် တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူလူထုဘက်ကို ပူးပေါင်းပါဝင် ပေးပါ။” ဟု KNU မြိတ် -ထားဝယ် ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက တိုက် တွန်း ပြောကြား သည်။

မူလ ပထမ အလင်းဝင်ခဲ့သော ဗိုလ်ကြီး မျိုးဆွေဦးသည် ကလိန်အောင်မြို့အခြေစိုက် ခလရ-၂၈၂ တပ် ရင်း၏ အထိုင်စခန်းဖြစ်သော သုခစစ်ကောင်စီစခန်းမှဖြစ်ပြီး ဇူလိုင်လ ၂ ရက်နေ့တွင် KNLA ထံသို့ဘက်ပြောင်းခိုလှုံခဲ့ခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article