30.8 C
Yangon

ပင်လယ်ပြင် ငါးဖမ်းကျားဖောင်လိုက်သွားရင်း အသက် ၂၂ နှစ်အရွယ် မောင်အောင်ဇင်ထွန်း အသတ်ခံရမှု အမှုဖွင့် အရေးယူခွင့်မရဘဲ အလုပ်ရှင်က အရက်မူး ရေထဲကျ သေဆုံးဟုဆို

Must read

ရန်ကုန်၊ ဇူလိုင် ၁၄

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာမှ အသက် ၂၂ နှစ်အရွယ် မောင်အောင်ဇင်ထွန်းသည် ပင်လယ်ပြင် ငါးဖမ်း ကျားဖောင် လိုက်သွားရင်း ကျားဖောင်တွင် အသတ်ခံရ၍ သေဆုံးခဲ့သော်လည်း အလုပ်ရှင်ကမူ အရက်မူး ရေထဲကျသေဆုံးဟု ပြောဆိုနေသဖြင့် အမှုဖွင့် အရေးယူခွင့်မရဖြစ်နေကြောင်း သေဆုံးသူ၏ ဆွေမျိုးများက ပြောဆိုသည်။

ယခုနှစ် ဇွန်လအတွင်း မောင်အောင်ဇင်ထွန်းသည် ပင်လယ်ပြင် ငါးဖမ်း ကျားဖောင်ဖြင့် အလုပ်လုပ်ရန် လိုက်ပါသွားခဲ့ကြောင်း၊ ယင်းနောက် ၁ လဝန်းကျင်အကြာတွင် အရက်မူး၍ ရေထဲကျ သေဆုံးသည်ဟုဆိုကာ မိသားစုထံသို့ အကြောင်းကြားလာကြောင်း၊ မောင်အောင်ဇင်ထွန်းသည် အရက်သေစာ မသောက်စားတတ်သူဖြစ်ပြီး အရက်မူး၍ ရေထဲကျသေဆုံးဟု ပြောဆိုမှုမှာ မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် မိသားစုက လိုက်လံ စုံစမ်းခဲ့ရာ ပင်လယ်ပြင် ငါးဖမ်း ကျားဖောင်ပေါ်တွင် နှိပ်စက်သတ် ဖြတ်ခံရခြင်းဖြစ်သည်ဟု သိရှိရကြောင်း ကျန်ရစ်သူ မိသားစု ဆွေမျိုးများက ပြောဆိုသည်။

“မောင်လေးက အရက်လည်းသောက်မတတ်ပါဘူး။ ပိုက်ဆံလိုလို့ ကျားဖောင်လိုက်မယ်ပြောတော့ထည့်ပေးလိုက်တာပါ။ အရက် သောက်မတတ်သူက တစ်လလောက်နေတော့မှ အရက်မူးပြီးရေထဲကျသေတယ်ဆိုပြီးပြောပါတယ်။ သူ့နဲ့အတူပါ သူငယ်ချင်းတွေနဲ့ မိတ်ဆွေတွေဆီက သိရတာက အရက် မူး ပြီး ရေထဲကျသေတယ်ဆိုတာမဟုတ်ဘူး။ သူတို့သတ်တယ်ဆိုပြီးပြောတယ်။ အဲဒါကို ကျားဖောင်ဦးစီးရော သူဌေးရောပါးရိုက်ပြီး အဲဒီလိုပြောတဲ့ မောင်လေး သူငယ်ချင်းကို မင်းမဟုတ်တာလျှောက်မပြောနဲ့ဆိုပြီးအလုပ်ထုတ်လိုက်ပါတယ်” ဟု သေဆုံးသူ မောင်အောင်ဇင်ထွန်း၏ ဆွေမျိုးကရှင်းပြသည်။

ကျားဖောင်တွင် သေဆုံးသွားခဲ့သ မောင်အောင်ဇင်ထွန်း၏ အလောင်းကို ပြန်လည် မရရှိသကဲ့သို့ အလုပ်ရှင်က လျှော်ကြေးလည်း မပေးကြောင်း၊ မိသားစုကမူ သေဆုံးသူ မောင်အောင်ဇင်ထွန်းအတွက် တရားမျှတမှု ရရှိလိုပြီး ဇီးဖြူသောင်ကျေးရွာ အုပ် ချုပ်ရေးမှူး အောင်လွင်ကလည်း အရေးယူပေးခြင်းမရှိကြောင်း သိရှိရသည်။

“ကျမမောင်လေးအလောင်းတောင်ပြန်မရပါဘူး လျော်ကြေးလည်းမပေးကြပါဘူး။ လျော်ကြေးလည်းမလိုပါဘူး။ မတရား သဖြင့်သတ်ဖြတ်လိုက်လို့။ အခုအဲဒီလိုတွေ ဖြစ်နေတာက ကျမမောင် တစ်ဦးတည်းမဟုတ်ဘူး။ ကျားဖောင်တွေပေါ်မှာ အဲဒီလို လူမသိ သူမသိဘဲ အသတ်ခံရပြီး ပင်လယ်ထဲ အမျှောခံလိုက်ရတာတွေ အများကြီးပဲ။ မောင်လေးသေဆုံးမှုကို မကျေနပ်လို့ ဇီးဖြူသောင်ကျေးရွာ ရွာလူကြီး ဦးအောင်လွင်ကိုသွားတိုင်တော့လည်း မသိသလို မဆိုင်သလိုနေတယ်။ ရဲစခန်းရော စစ်တပ်ရောတိုင်တော့လည်း အရေးယူမှုမရှိဘူး” ဟု သေဆုံးသူ၏ ဆွေမျိုးက ဆက်လက်ပြောဆိုသည်။

ပင်လယ်ပြင် ငါးဖမ်းကျားဖောင်များတွင် လူသတ်မှုများ၊ ရိုက်နှက်ညှဉ်းပန်းမှုများနှင့် လူမဆန်သော အလုပ်ခိုင်းစေမှုများ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများစွာ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့သော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက တစ်စုံတစ်ရာ အရေးယူမှုမရှိဘဲ လျစ်လျူရှုထားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article