29.9 C
Yangon

သရက်မြို့တွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်ထဲသွပ်သွင်းခဲ့သော စစ်မှုထမ်း တပ်သားသစ် ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

Must read

ရန်ကုန်၊ ဇူလိုင် ၁၄

မကွေးတိုင်း၊ သရက်မြို့တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော စစ်မှုထမ်း တပ် သားသစ် ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သရက်ခရိုင် အမှတ် – ၄ တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၅ ရက်နေ့ မကွေးနှင့် ရခိုင် အစပ်ရှိ စစ်ကောင်စီ၏ နတ်ရေကန်စခန်းကုန်းရှိ ကင်းစခန်းတစ်ခုတွင် တာဝန်ကျနေချိန် စစ်မှုထမ်း တပ်သားသစ် ကိုမောင်သည် လက်နက်ခဲယမ်းများ ယူဆောင်လာပြီး သရက်ခရိုင်အမှတ်-၄ တပ်ရင်းကို ချိတ်ဆက်ပြီး ထွက်လာခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ကိုမောင်သည် MA1 သေနတ် ၁ လက် ၊ MA ကျည်ဘောက် ၃ ခု ၊ 5.56 ကျည် ၁၀၀ တောင့် ၊ အီကွယ်မန့် ၁ ခုတို့ ယူဆောင်လာပြီး ထွက်ပြေးလာခြင်းဖြစ်ကြောင်း သိရှိရသည်။

“အလင်းဝင်ရောက်လာတဲ့သူက စစ်မှုထမ်း သင်တန်း အပတ်စဉ် ၉ ကပါ။ သရက်မြို့မှာ အပြင်သွားရင်း ဖမ်းဆီး ပေါ်တာဆွဲခံရတာပါ။ စစ်မှုထမ်းတပ်သားသစ်က ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့မှာ စစ်မှုထမ်း တက်ရောက်ခဲ့ပါတယ်။ အခုဆိုရင် စစ်မှုထမ်းက အပတ်စဉ် ၁၅ ထိအောင် လူစုဆောင်းနေတဲ့ အနေအထားအမျိုးတွေ ရှိသွားပြီပေါ့။ ပြည်သူတွေ လူထုတွေအနေနဲ့ သတိလက်လွတ်မထားဘဲ နဲ့ အမြဲ သတိထားစောင့်ကြည့်ဖို့နဲ့ တော်လှန်ရေး သတိတွေနဲ့ နှိုးနှိုးကြားကြားရှိစေချင်ပါတယ်။ အလင်း ဝင်လိုတဲ့ တပ်မတော်သားတွေကို PDF ရဲဘော်တွေက အမြဲတမ်း ကြိုဆိုနေပါတယ်” ဟု သရက်ခရိုင် အမှတ် – ၄ တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ် ကိုမောင် ကို သရက်ခရိုင်အမှတ် – ၄ တပ်ရင်းက လက်နက်ခဲယမ်းများ ယူဆောင်လာသည့် အတွက် ငွေကျပ်သိန်း ၃၀ ဂုဏ်ပြု ချီးမြှင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ လက်အောက်မှ ရုန်းထွက်ပြီးပြည်သူ့ဘက်ကို ကူးပြောင်းလာသူများကိုလည်း ချိတ်ဆက် ခေါ်ယူသွားမည်ဖြစ်ကြောင်း သရက်ခရိုင် အမှတ် – ၄ တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article