ရန်ကုန်၊ ဇူလိုင် ၁၄
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ယာဉ်တန်းနှင့် တညောင်ဓာတ်အားခွဲရုံစောင့် စစ်တပ်ကို တိုက် ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သခင်ဖိုးလှ ကြီး တပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇူလိုင်လ ၁၀ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်က ဆိပ်ဖြူမြို့မှ ကား ၄ စီးဖြင့် ထွက်လာသော မြို့နယ် အထွေထွေအုပ်ချုပ်ရေး အုပ်ချုပ်ရေး ဦးစီးဌာန ၊အုပ်ချုပ်ရေးမှူး စိန်နားကပ်ဦးဆောင်သော အင်အား ၅၀ ခန့်ပါ စစ်ကောင်စီ တပ်သားများကို ဆိပ်ဖြူ -တညောင်လမ်းပိုင်းတနေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ စစ်သား ၇ ဦး နေ ရာမှာတင်ပွဲချင်းပြီး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“တညောင်ဓာတ်အားခွဲရုံကို လူအချိန်းအပြောင်းလုပ်ဖို့ ထွက်လာတာပါ။ စိန်နားကပ်က ထွေအုပ်က ဦးစီးမှူးပါ၊ သူကပဲ စခတွေကို ဦးဆောင်နေတာ၊ သူက မြို့ပေါ်နဲ့ အနီးအနားက ရွာတွေကအစ ပေါ် တာဆွဲတာကို သူကိုယ်တိုင် ဦးဆောင်လုပ်နေတာပါ၊ ပြည်သူတွေအနေနဲ့ စစ်ယာဉ်တန်းတွေနဲ့ ခပ်ခွာ ခွာမှ မောင်းနှင်ပေးကြဖို့ တောင်းဆိုပါတယ်” ဟု ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သခင်ဖိုးလှ ကြီး တပ်ခွဲမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အလားတူ ဇူလိုင်လ ၁၀ ရက်နေ့ ည ၁၀ နာရီ ၃၅ မိနစ်အချိန် အင်အား ၇၀ ခန့်ဖြင့် တပ်စွဲထားသော စလင်းမြို့နယ်၊ တညောင်ဓာတ်အားခွဲရုံ နှင့် ကင်းပုန်းဝပ်နေသည့် စစ်တပ်ကို ၆၀ မမ လက်နက်ကြီး ဖြင့် ၆ လုံးပစ်ခတ်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို သခင်ဖိုးလှကြီးတပ်ဖွဲ့(ချောက်) ၊ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း တပ်ခွဲ ၁ နှင့် တပ်ခွဲ ၂ တို့မှပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
