ဒီကနေ့ ဇူလိုင် ၁၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ်တွေကို ရှေ့တန်းမှာ အဓိက တိုက်ခိုက်ခိုင်းပြီး ပြန်ဆုတ်ခွါရင် အရာရှိတွေက ပစ်သတ်တာ စစ်မှုထမ်းတပ်သားတွေကို မူးယစ်ဆေးဝါး အသုံးပြုစေတာနှင့် ညှဉ်းပန်းနှိပ်စက်တာ တွေ လုပ်ဆောင်နေတယ်လို့အလင်းဝင် တပ်သားသစ် ၂ ဦးက ထုတ်ဖော်ပြောပါတယ်။
- အကြမ်းဖက် စစ်တပ်လက်အောက်ခံ မြန်မာအမျိုးသား လေကြောင်းလိုင်းက ရန်ကုန်-ကူမင်းပြေးဆွဲနေတဲ့ MNA လေယာဉ်ဟာ ကူမင်းလေဆိပ်ကို ဆင်း သက်ချိန် Landing Gear ပျက်စီးတာကြောင့် အရေးပေါ် ခရီးသည်တွေ ကိုရွှေ့ ပြောင်းတာတွေ လုပ်ဆောင်ခဲ့ရပြီး ထိခိုက်သူမရှိဘူးလို့ တရုတ်သတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။
- စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ SNA အဖွဲ့ရဲ့ကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တာမှာ စစ်တပ်ဘက်က ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
