27.3 C
Yangon

မတ္တရာနှင့် တောင်သာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က Y-12 လေယာဉ်၊ စက်တပ်လေထီးများဖြင့် ဗုံး အလုံး ၅၀ ကျော် ကျဲချတိုက်ခိုက်

Must read

ရန်ကုန်၊ ဇူလိုင် ၁၆

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် နှင့် တောင်သာမြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y-12 ၊ စက်တပ်လေထီးများဖြင့် ယနေ့ နံနက် အစောပိုင်းတွင် ဗုံးသီး အလုံး ၅၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ နံနက်အစောပိုင်း ၅ နာရီ ၂၁ မိနစ်ခန့်တွင် မတ္တရာမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဉ် ၁ စီးဖြင့် ဗုံး ၃၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ လေကြောင်း တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်မည်ကို စိုးရိမ်သောကြောင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ပြည်သူတွေ ထိခိုက်မှု ရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူး။ မတ္တရာမြို့နယ် Y-12 နဲ့ ဗုံး ၃၃ လုံး ကျဲချ တိုက်ခိုက်သွားတာ ပြည်သူတွေကိုတော့ စိုးရိမ်စိတ်နဲ့ ရှောင်နေရတာတွေရှိတယ်” ဟု ဒေသသတင်းရင်းမြစ် Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ တောင်သာမြို့နယ် အရှေ့တောင်ခြမ်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က ယနေ့ နံနက် အစောပိုင်းတွင် စက်တပ်လေထီး ၅ စီးဖြင့် ဗုံး အလုံး ၂၀ ကျော်ကျဲချ တိုက်ခိုက်ခဲ့ပြီး စက်သေနတ်များဖြင့်လည်း ပစ်ခတ်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ နံနက် အစောပိုင်း ၂ နာရီ ၅၆ မိနစ်မှ စတင်ပြီး ၃ နာရီ ၂၀ မိနစ်ထိ တောင်သာမြို့နယ် အရှေ့တောင်ခြမ်းရှိ ကျေးရွာများကို မိတ္ထီလာလေတပ်မှ တက်လာသည့် စက်တပ်လေထီး ၅ စီးဖြင့် ဗုံး အလုံး ၂၀ ကျော် ကျဲချ တိုက်ခိုက်ကာ စက်သေနတ်များဖြင့် ကျေးရွာများကို တောက်လျှောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက်မှုရှိတယ်လို့တော့ မကြာမိသေးဘူး။ ရွာတွေက ပြည်သူတွေလည်း နေ့စဉ် ကြောက် လန့်နေတယ်။ စစ်ခွေးတပ်ရဲ့ စက်တပ်လေထီးတွေက ညတိုင်းကို တောင်သာမြို့နယ်ထဲမှာ ပျံသန်းနေတာ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် မတ္တရာမြို့နယ်နှင့် တောင်သာမြို့နယ်အတွင်း မြေပြင်တွင်လည်း စစ်တပ်က စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီတပ်၏ Y -12 ဗုံးကျဲလေယာဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီတပ်၏ Y -12 ဗုံးကျဲလေယာဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article