27.3 C
Yangon

ပေါက်ခေါင်းမြို့နယ်တွင် ခလရ ၅၃ တပ်ရင်းမှ စစ်သား ၂ ဦးက သေနတ် ၂ လက်၊ခဲယမ်းများနှင့်အတူ အလင်းဝင်

Must read

ရန်ကုန်၊ ဇူလိုင် ၁၆

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် ခလရ ၅၃ တပ်ရင်းမှ စစ်သား ၂ ဦး သေနတ် ၂ လက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၃၆၀၁ တပ်ရင်းမှ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၉ ရက်နေ့ ပေါက်ခေါင်းမြို့နယ်၊ ခလရ ၅၃ တပ်ရင်းမှ စစ်သား ၂ ဦးက လက်နက် ခဲယမ်း အပြည့်အစုံဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်းထံသို့ အလင်းဝင်ခဲ့ကြောင်း သိရသည်။

အလင်းဝင်လာသော စစ်သား ၂ ဦးက ၎င်းတို့ ကိုင်ဆောင်သည့် MA-4 သေနတ် ၁ လက်၊ MA-3 သေနတ် လက်၊ 5.56 ကျည် ၃၈၄ တောင့်၊ 40mm ဗုံးသီး ၁၆ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်ဘောက် ၈ ဘောက်တို့ကို ယူဆောင်လာခဲ့သည်။

အလင်းဝင်လာသူ စစ်သား ၂ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝပေးပြီး ဂုဏ်ပြုဆုငွေ ငွေကျပ်သိန်း ၇၀ ချီးမြှင့်ကြောင်း၊ ပြည်သူများကလည်း ငွေကျပ် ၁၀ သိန်းတို့ဖြင့် ထပ်မံဂုဏ်ပြုချီးမြှင့်ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow ကပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ စစ်သားများအနေဖြင့် လက်နက်နှင့်တကွ အလင်း ဝင်ရောက်လာပါက ကြိုဆိုမည်ဖြစ်ပြီး ထိုက်တန်စွာ ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း အသိ ပေးနှိုးဆော်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article