ဒီကနေ့ ဇူလိုင် ၁၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တရုတ်အစိုးရပိုင်လက်နက်ကုမ္ပဏီက စစ်ကောင်စီရဲ့ ကပစ ၂၁ စက်ရုံမှာ လေကြောင်းတိုက်ခိုက်ရေး ဗုံးတွေ ထုတ်လုပ်နိုင်ဖို့ အကူအညီပေးနေတယ်လို့ မြန်မာနိုင်ငံအထူးအကြံပေးကောင်စီ (SAC-M) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
- ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်က TNLA ရဲ့ အရပ်ဘက်ဆိုင်ရာစီမံအုပ်ချုပ်ရေးရုံးတွေကို လုံခြုံတဲ့နေရာကို ပြောင်းရွှေ့ထားပြီး နောင်ချိုတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေမယ်လို့ TNLA က သတိပေးကြေညာချက်ထုတ်ပြန်ထားပါတယ်။
- ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ် အမှတ် ၃ ရပ်ကွက်က ကျူးကျော်မြေနေရာတွေကို အုပ်ချုပ်ရေးမှူး သန်းမြင့်ဦးက စိတ်ကြိုက်ရောင်းစားနေပြီး နယ်ထိန်းရဲ ဝင်းဟိန်းစိုးကလည်း လူငယ်တွေကို မူးယစ်ဆေးမှုနဲ့ ဖမ်းဆီးငွေညှစ်နေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
