26.2 C
Yangon

ဆိပ်ဖြူနှင့် စစ်ကိုင်း မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၃၀ ကျော် မီးလောင်ပြာကျ

Must read

ရန်ကုန်၊ ဇူလိုင် ၁၇

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ စိန်ပန်းကုန်းရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး မီးရှို့မှုကြောင့် နေအိမ် ၂၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်စစ်ကြောင်းက ဆိပ်ဖြူမြို့နယ်၊ စိန်ပန်းကုန်းရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၂၀ ကျော် မီးလောင်ပြာကျခဲ့ပြီး ပြည်သူများလည်း စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

“စစ်ခွေး စစ်ကြောင်းက ရွာကို ဝင်စီးပြီး မီးရှို့သွားတာပါ။ ပြည်သူတွေကတော့ ထောက်ပံ့မှုတွေ လိုအပ်တာပေါ့နော် စစ်ခွေးတွေကတော့ မရှိတော့ပါဘူး။ သူတို့ မီးရှို့ပြီးတော့ ပြန်လည် ဆုတ်ခွာသွားပါပြီ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ကျော်ဇေယျာရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၈ လုံး မီးလောင်ပြာကျခဲ့ကြောင်း စစ်ကိုင်းမြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့က ပြောဆိုသည်။

ဇွန်လ ၂၂ ရက်နေ့တွင် ကျော်ဇေယျာရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် ၈ လုံးမီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

ထိုသို့ မီးလောင်ကျွမ်းနေသော နေအိမ်များကို စစ်ကိုင်းမြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့မှ မီးငြှိမ်းသတ်ယာဥ်များ အသုံးပြု၍ မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့၍ နယ်မြေခံ မီးသတ်တပ်ဖွဲ့က ပြည်သူများကို ရွေ့ပြောင်းကူညီပေးခြင်းနှင့် ငြိမ်းသတ်ကယ်ဆယ်ရေးလုပ်ငန်းစဥ်များ တပြိုင်နက်ပြုလုပ်ဆောင်ရွက်ခဲ့ရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article