ရန်ကုန်၊ ဇူလိုင် ၁၇
မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် ကမ္မမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်မှ စစ်မှုထမ်း တပ်သား သစ် ၃ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း Ayar Daung အဖွဲ့မှ တာ၀န်ရှိသူ ကိုရှိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၆ ရက်နေ့တွင် ပေါက်မြို့နယ်နှင့် ကမ္မမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီ တပ်သားများနှင့် အတူ လိုက်ပါလာသော ခလရ ၂၅၇ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၃ ဦးသည် လက်နက် ယူဆောင်လာခြင်းမရှိဘဲ ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တပ်ဖွဲ့ ၅ ) ဧရာဒေါင်း အဖွဲ့ ထံ အလင်းဝင်ရောက်လာခဲ့ကြောင်းသိရှိရသည်။
“အလင်းဝင်ရောက်လာတဲ့သူ ၃ ဦးက သေနတ်မပါဘူး။ ဖုန်းတစ်လုံးစီပဲ ပါလာတယ်။ အလင်းဝင်ရောက်လာတာတော့ ဇွန်လ ၆ ရက်နေ့မှာ ဝင်ရောက်လာတာပါ။ ကမ္မ နဲ့ ပေါက်ကို စစ်ကြောင်းထိုးနေတဲ့စစ်ကြောင်းထဲက ထွက်ပြေးလာတာ သူတို့က စစ်မှု ထမ်းသင်တန်း အပတ်စဉ် ၇ နဲ့ အပတ်စဉ် ၈ ကပါ။ လွတ်မြောက်နယ်မြေကိုတော့ ပို့ဆောင်ပေးမှာပါ။ ကျန်ရှိနေတဲ့ ပစ၊ ရဲ၊ စစ်သားနဲ့ ပျူစောထီးတွေအနေနဲ့လည်း အမြင်မှန်ရပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ နောက်ပြီး လက် နက်၊ခဲယမ်းနဲ့တကွ အလင်း၀င်ရောက်လာပါကလည်း ကျွန်တော်တို့ ခရိုင် ပ.က.ဖ တပ်ဖွဲ့ (၅) ဧရာဒေါင်းက ထိုက် ထိုက်တန်တန်ဆုချီးမြှင့်မှာကိုလည်းပြောချင်ပါတယ်” ဟု Ayar Daungမှတာ၀န်ရှိသူ ကိုရှိန်းကပြောဆိုသည်။
အဆိုပါ အလင်းဝင်ရောက်လာသူ ၃ ဦသည် တောင်တွင်းကြီးမြို့နယ်နှင့် မိထ္တီလာမြို့နယ် တို့မှဖြစ်ပြီး စစ်မှုထမ်း သင်တန်းကို ဗထူးတပ်မှာ သင်တန်းတက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ တပ်အတွင်း ကျန်ရှိနေသော စစ်မှုထမ်း တပ်သားသစ်များ၊ ရဲ ၊ စစ်သားနှင့် ပျူစောထီးများ အနေဖြင့် ပြည်သူ့ရင်ခွင် ခိုလှုံကြရန် မေတ္တာရပ်ခံကြောင်း၊ လက်နက်ခဲယမ်းနှင့် တကွ အလင်း၀င်လိုပါက ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မည်ဖြစ်ကြောင်း Ayar Daung အဖွဲ့က အသိပေးနှိုးဆော်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
