26.2 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၁၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၁၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ကို အကြမ်းဖက် စစ်ကောင်စီဘက်က ပြန်လည် သိမ်းယူရာမှာ ပါဝင်ခဲ့တဲ့သူတွေကို ရာထူးတိုး၊ အဆင့်တိုး နဲ့ ဆုငွေတွေ ချီးမြှင့်ဖို့ စီစဉ်နေပြီး နောင်ချိုမြို့သိမ်း စစ်ဗျူဟာကို အခြားမြို့တွေ ပြန်လည်သိမ်းပိုက်ရာမှာ အသုံးပြုဖို့ပါ လုပ်နေပြန်တယ်လို့ နေပြည်တော် စစ်ဘက်သတင်းရင်း မြစ်က ပြောပါတယ်။
  • ဧရာဝတီတိုင်းက ၊ ဘိုကလေးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးနဲ့ စကားများရန်ဖြစ်ခဲ့တဲ့ မောင်အောင်အောင်ဆိုသူ လူငယ်ကို ခမရ ၅၃၄ စစ်တပ် တပ်ရင်းက စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီး၊သွားပြီး မိသားစုက ပြန်ရွေးငွေ သိန်း ၁၂၀ ပေးအပ်ခဲ့တာတောင် စစ်တပ်က ရိုက်သတ်လိုက်ကြတယ်လို့ သေဆုံးသူရဲ့ ဆွေမျိုးမိတ်ဆွေတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ပင်လယ်ပြင်မှာ ငါးခိုးဖမ်းနေတဲ့ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ရဲ့ လှေတွေကို စစ်ကောင်စီရဲ့ ရေတပ်စခန်းမှုးက လှေ ၁ စီးကို ထိုင်းဘတ်ငွေ ၂ သိန်း လာဘ်ငွေယူပြီး ပြန်လွှတ်ပေးလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article