25.5 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၁၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ပဲခူးတိုင်းက ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီဘက်က စစ်ဗိုလ် ၄ ဦးအပါအဝင် စစ်သား အယောက် ၄၀ ဝန်းကျင်ဟာ အပြုံလိုက် သေကုန် ကြပြီးတော်တော်ကို အထိနာသွားကြပြီးနောက် ပြန်ဆုတ်ပြေးသွားကြတယ်လို့ PDF အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေး တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီတပ်က လက်ရှိ ရှေ့တန်းစစ်မြေပြင်တွေမှာ စစ်မှုထမ်းတပ်သားသစ်တွေကို ရှေ့ဆုံးကနေ အသေခံတိုက်ခိုင်းပြီး နောက်ပြန်လှည့်လာတဲ့သူတွေကိုလည်း ပစ်သတ်မယ်ဆိုပြီးတော့ပါ ခြိမ်းခြောက်ပြီး စစ်ဆင်ရေးတွေလုပ်ခိုင်းနေတယ်လို့ အလင်းဝင်လာတဲ့ တပ်သားသစ်တွေက ထုတ်ဖော်ပြောဆိုထားကြပါတယ်။
  • မြန်မာနိုင်ငံမှာ ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်ကောင်စီကို အာဆီယံက ရှုတ်ချဖို့နဲ့ အရေးယူဖို့ ပျက်ကွက်နေမှုအပေါ် NUG က စိတ်ပျက်မိတယ်လို့ ထုတ်ပြန်ကြေညာလာပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article