26.6 C
Yangon

ရေတာရှည်၊ ရွာသစ်ကျေးရွာအထိုင်စစ်စခန်းမှ စစ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

Must read

ရန်ကုန်၊ ဇူလိုင် ၁၈

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာအထိုင်စခန်းမှ စစ်သား တစ်ဦး လက်နက်ခဲယမ်းများ နှင့်အတူ ထွက်ပြေးလာပြီး အလင်းဝင်ခဲ့ကြောင်း အမှတ် ၂ စစ်ဆင်ရေး နယ်မြေ၊ နေပြည်တော် စစ် တိုင်း ဌာန၊ စစ် တောင်းမြစ်ဝှမ်း (ရေတာရှည်) စစ် ဆင်ရေးတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ဇွန်လ ၇ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာ အထိုင်စခန်း၌ တာဝန်ကျ နေသော တပ်သား မင်းဟိန်းကျော်သည် MA-1 အမျိုး အစားသေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက်၊ ကျည်ဆံ ၁၁၂ တောင့် တို့နှင့်အတူ စခန်းမှ ထွက်ပြေးလာပြီး အလင်းဝင်ရောက် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များကင်းယူထားရာနေရာအနီးသို့ ညအမှောင်ကို အခွင့် ကောင်းယူကာ ချဉ်းကပ်ခဲ့ ကြောင်းသိရသည်။

“သူက ကျနော်တို့ တပ်တွေရှိတဲ့ ကင်းပွိုင့်တွေဘက်ကို တစ်ဦးတည်း ညပိုင်းကတည်းက ချဉ်းကပ် ပုန်းခိုနေပြီး မနက်စောစောမှာ သေနတ် ကျည်ဘောက်ကို ဖြုတ်ကာ ပွိုင့်ထဲကို ဝင်လာတာ၊ ကျနော် တို့ရဲဘော်တွေက သူ့ကို ကင်းပုန်းကနေစောင့်ကြည့်ပြီး နားကပ်ခွင့်ပေးခဲ့တယ်၊ ပြီးတော့ လက်နက် ဖြုတ်သိမ်းပြီး အလင်းဝင်ခွင့်ပြုခဲ့တာပါ” ဟု အမှတ် ၂ စစ်ဆင်ရေး နယ်မြေ၊ နေပြည် တော်စစ်တိုင်း ဌာန၊ စစ် တောင်းမြစ်ဝှမ်း (ရေတာရှည်) စစ် ဆင်ရေးတာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

ထိုသို့ အလင်းဝင်ရောက်ခဲ့သည့် တပ်သား မင်းဟိန်းကျော်သည် စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်း ခံရသူမဟုတ်ဘဲ အင်းတကော်မြို့ အခြေစိုက် အမှတ် ၉၀၆ စစ်မြေပြင်အင်ဂျင်နီတပ်ရင်းမှ အမြဲတမ်း တပ် သားတစ်ဦးဖြစ်ပြီး လုပ်သက် ၆ နှစ်ရှိသည့် တပ်သား ဖြစ် ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article