ဒီကနေ့ ဇူလိုင် ၁၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနဆိုင်ရာ Non-CDM ဝန်ထမ်းတွေရဲ့ သားသမီးတွေ ပြည်ပထွက်ဖို့ နိုင်ငံကူးလက်မှတ်လျှောက်ထားမယ်ဆိုရင် ဝန်ကြီးဌာနရဲ့ သိရှိထောက်ခံချက် တင်ပြခိုင်းနေ တယ်လို့ ဝန်ထမ်းအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ မဆရ-၄ မှ စစ်ဗိုလ် ၁ ဦးနဲ့ တပ်ကြပ် ဇေယျာဖြိုးရဲ့ ရုပ်အလောင်းတွေကို ရွှေမြင်တင်မီးသဂြိုလ်စက်မှာ သဂြိုလ်ခဲ့ပြီး ဒဏ်ရာစစ်သားတွေ ကိုလည်း မင်္ဂလာဒုံစစ်ဆေးရုံကို နာရေးကားတွေနဲ့ ပို့ဆောင်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းကနေ ထွက်လာတဲ့ စစ်သင်္ဘောအုပ်စုဟာ ဝက်လက်မြို့နယ် အတွင်း ကျောက်ချထားပြီး ဝက်လက်-စဉ့်ကူးအစပ်က မြစ်ကမ်းတစ်လျှောက်ကိုလည်း Y-12 လေယာဉ်နဲ့ ဗုံးကျဲနေတာကြောင့် ပြည်သူ၂၀ ကျော် သေဆုံးခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
