ရန်ကုန်၊ ဇူလိုင် ၁၈
ကရင်နီ ပြည်သူများအတွက် နယ်မြေကွင်းဆင်း၍ ကျန်း မာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးနေစဉ် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဆေးခန်းတာဝန်ခံ Soe Reh သေဆုံးသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၁၄ ရက်နေ့ ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ – Karenni Mobile Health Committee (KnMHC) ၏ ဆေးခန်းတာဝန်ခံ (Clinic In-Charge) တစ်ဦးဖြစ်သူ အသက် ၂၆ နှစ်အရွယ် Soe Reh သည် ကရင်နီပြည်သူများအတွက် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်နေစဉ် အကြမ်း ဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရခြင်းဖြစ်သည်။
Soe Reh သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ၌ KnMHC ၏ Medic ဆေးသင်တန်း တစ်နှစ်ကို တက်ရောက်အောင်မြင်ပြီးခဲ့သူဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် Soe Reh အား အာဇာနည်သူရဲကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုအပ်ပြီး မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားသည်
စစ်တပ် အာဏာသိမ်းပြီးနောက် စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ၄ နှစ်ကျော်ကာလအ တွင်း CDM များ အပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၃၃ ဦး သေဆုံးပြီး ၁၃၅ ဦး ဒဏ်ရာရခဲ့ကြောင်း NUG ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
