ဒီကနေ့ ဇူလိုင် ၁၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း သေကုန်ကြတဲ့ အကြမ်းဖက် စစ်ကောင်စီဘက်က အရာရှိတဲ့စစ်သည်တွေရဲ့ ကျန်ရစ်သူ မိသားစုတွေဟာ ၂ နှစ်ကျော်ကြာတဲ့အထိ စစ်ကောင်စီဘက်က မည်သည့်ခံစားခွင့်မှ မပေးသလို ဘာလျော်ကြေးမှလည်း မရဘူးလို့ စစ်သားတွေရဲ့ ကျန်ရစ်သူ မိသားစုတချို့က ရန်ကုန်ခေတ်သစ်ကို ဆက်သွယ်ပြောဆိုလာကြပါတယ်။
- မကွေးတိုင်းက ငဖဲမြို့နယ်၊ ဂုတ်စည်းရိုးတိုက်ပွဲမှာ အာရက္ခတပ်တော် AA ရဲ့ ဒရုန်းဗုံးကြောင့်ပဲ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး ဟာ ပွဲချင်းပြီးကို သေသွားပြီး ၊ AA ရဲ့ထိုးစစ်ဟာ နတ်ရေကန် ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ဖို့ လက်တကမ်းအလိုမှာ ရောက်နေပြီလို့လည်း အာရက္ခတပ်တော် AA မှာ အလင်းဝင်လာတဲ့ တပ်သားသစ် ၃ ဦးက ဝန်ခံပြောဆိုထားပါတယ်။
- မြန်မာနိုင်ငံက အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ခရိုနီ တေဇရဲ့ သမီး ရေချယ်တေဇအကြောင်း ဖော်ပြထားမှုကို အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်း Vogue Italia က ဖြုတ်ချ ဖယ်ရှားလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
