27.2 C
Yangon

ရန်ကုန်-မန္တလေး အမြန်လမ်း ၃၁၈ မိုင်တွင် ရဲကား ၁ စီးကို တော်လှန်ရေးတပ်များက တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံးပြီး ရဲကားကို မီးရှို့ရှင်းလင်း၊ အချိန် ၁ နာရီကျော်ကြာ အမြန်လမ်း ခေတ္တပိတ်သွားခဲ့

Must read

ရန်ကုန်၊ ဇူလိုင် ၂၁

ရန်ကုန်-မန္တလေး အမြန်လမ်း ၃၁၈ မိုင်တွင် ရဲကား ၁ စီးကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးပြီး ရဲကားကို မီးရှို့ရှင်းလင်းခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၄-၁၀ တပ်ရင်းက သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၇ နာရီ ၂၂ မိနစ်အချိန် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၃၁၈ သို့ မောင်းနှင့်လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲကား ၁ စီးကို မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် ၁၀ တပ်ရင်းတို့မှ ပြောက် ကျား ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါလာသော ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း၊ အဆိုပါကားပေါ်မှ သေနတ် BA-94 ၂ လက်၊ ကျည်ဘောက် ၅ ခု ၊ 9 mm ကျည် ၁၂၃ တောင့်၊ 7.62ကျည် ၁၂၇ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပြီး ရဲကားကိုလည်း မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ အမြန်လမ်း ၃၁၈ မိုင်တွင် အဆိုပါ တိုက်ခိုက်မှုကြောင့် ယမန်နေ့ နံနက် ၈ နာရီမှ ၉ နာရီ ၃၀ မိနစ်အချိန်အထိ အမြန်လမ်း ၁ နာရီကျော်ကြာ ပိတ်ဆို့သွားခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က မိုင်တိုင်အမှတ် ၃၁၈ သို့ရောက်ရှိလာပြီး စစ်ကြောင်းဖြင့် နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်တာက မနက် ၈ နာရီလောက်ပဲ။ ကားတွေကို မလာဖို့ မိုးပေါ်ထောင်ပစ်ပြီး တားမြစ်တယ်။ ကျနော်တို့ ၉ နာရီ ခွဲလောက် အထိ အမြန်လမ်းပေါ်မှာ ပိတ်သွားတယ်။ ဟိုဘက် ဒီဘက် ကား ၁၀၀ လောက်တော့ရှိမယ်။ ခဏ ရပ်ထားရတာ။ စစ်ကားနဲ့ ရဲကားတွေလည်းရောက်လာတယ်။ နောက်တော့ ပုံမှန် လမ်းပြန်ဖွင့်ပေးပေမယ့် ရဲနဲ့ စစ်သားတွေတော့ အဲဒီဘက် ကျန်ခဲ့တာတွေ့ရတယ်” ဟု ခရီးသွားပြည်သူတစ်ဦးက ယမန်နေ့ ဖြစ်စဉ်ကို အသေးစိတ်ရှင်းလင်းပြောဆိုသည်။

နွားထိုးကြီးမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်များက အမြန်လမ်း မိုင်တိုင်အမှတ် ၃၀၀ ကျော်ဝန်းကျင်တွင် မကြာခဏဆိုသလို စစ်တပ်နှင့်တိုက်ခိုက်မှုများဖြစ်ပွားလေ့ရှိပြီး ခရီးသည်တင် ကားများကိုလည်း ရံဖန်ရံခါ စစ်ဆေးမှုများ လုပ်ဆောင်လေ့ရှိသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article