26.6 C
Yangon

ကချင်ပြည်နယ်၊ ကရင်နီပြည်နှင့် တနင်္သာရီတိုင်းတို့မှ စစ်မှုထမ်း၊ ရဲနှင့် စစ်သား ၆ ဦးတို့က လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ ဇူလိုင် ၂၁

ကချင်ပြည်နယ် ဝိုင်းမော် မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် ၁ ဦးက မုံရွာရှိ တော်လှန်ရေးတပ်ထံတွင် အလင်းဝင်လာကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၁ရက်နေ့ ဝိုင်းမော် မြို့မရဲစခန်းတွင် တာဝန်ကျနေသော ရဲဒုတပ်ကြပ် ၁ ဦးက မုံရွာမြို့နယ် ပကဖ ၊ တိုက်နယ် ၃ ပကဖ ထံသို့ သေနတ်ယူဆောင်လာခြင်းမရှိဘဲ အလင်းဝင်ရောက်လာခဲ့ကြောင်း

“ဘယ်လို ချိတ်ဆက်တယ်ဆိုတာတော့ မပြောပြတော့ပါဘူး။ မြေပြင်ချိတ်ဆက်မှုလို့ပဲ ပြောလို့ရပါတယ်။ စစ်လက်နက်မပါတဲ့အတွက် ဂုဏ်ပြုငွေတော့ သီးသန့်မချီးမြှင့်တော့ပါဘူး။ ကူညီပေးနိုင်တာတော့ ကူညီပေးထားပါတယ်။ အလင်းဝင်ရောက်လာတဲ့သူကို ဘယ်လိုဆက်လက်ဆောင်ရွက်ထားလဲဆိုတော့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်မှုမရှိတဲ့အတွက် သူဖြစ်ချင်တဲ့ ဆန္ဒအတိုင်း လုပ်ဆောင်ပေးထားပါတယ်”ဟု မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလားတူ ဇူလိုင်လ ၁၇ ရက်နေ့ ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အခြေစိုက် အမှတ် ၃၅၆ တပ်ရင်းမှ တပ်သား ၁ ဦးက လက်နက် နှင့်တကွ KNDF B-14 တပ်ရင်းသို့ ဘတ်ပြောင်းခိုလှုံလာခဲ့ကြောင်း အဆိုပါ တပ်က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ အမှတ် ၃၅၆ တပ်ရင်းမှ တပ်သား စောချစ် (ခ) ချစ်စမ်းမောင် သည် AK-47 တစ်လက်၊ ကျည်ဘောက် ၂ ဘောက်၊ ကျည်ဆန် ၁၇၂ တောင့်၊ လက်ပစ်ဗုံး ၅ လုံး၊ ဖုန်း ၁ လုံး ယူဆောင်၍ KNDF B-14 တပ်ရင်းထံ ခိုလှုံလာခဲဲ့ပြီး ၎င်းကို ထိုက်သင့်သော ဆုငွေများ အကူအညီများပေးအပ်၍ လုံခြုံစွာစောင့်ရှောက်ထားရှိကြောင်း သိရှိရသည်။

ထို့အတူ ဇူလိုင်လ ၁၂ ရက်နေ့ တနင်္သာရီတိုင်း ပုလောမြို့နယ်၊ ပလောက်မြို့ အခြေစိုက် ခြေလျင် တပ်ရင်း ခလရ ၂၈၀ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ မြို့နယ်တိုက်ခိုက်ရေးအဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထို အလင်းဝင်ရောက်လာသော စစ်မှုထမ်းတပ်သားသစ် ၁ ဦးသည် MA-1 သေနတ် ၁လက်၊ ကျည်ဘောက် – ၁ ခု ၊ လက်ပစ်ဗုံး – ၁ လုံး ၊ ကျည် – ၂၇ တောင့် တို့ ယူဆောင်လာခဲ့ကြောင်း၊ အဆိုပါ အလင်းဝင်ရောက်လာသော စစ်မှုထမ်းတပ်သားသစ် ငြိမ်းချမ်း သည် အသက် ၂၇ နှစ်အရွယ်ဖြစ်ပြီး ရွှေတောင်မြို့ဇာတိဖြစ်ကာ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၈ မှ စစ်မှုထမ်း သင်တန်းဆင်းဖြစ်ကြောင်း သိရှိရသည်။

“အလင်းဝင်ရောက်လာတဲ့သူက ရပ်ကျေး ဒေသခံတွေဆီက တဆင့်ချိတ်ဆက်ပြီးဝင်လာပါတယ်။ မော်လမြိုင်ဘက်မှ အလုပ်လုပ်ရန်လာစဉ် လမ်းတွင် ပေါ်တာဆွဲ ဖမ်းဆီးခံရတာပါ။ ဂုဏ်ပြု ဆုကြေးရရှိဖို့ ဝန်ကြီးဌာနကို တင်ပြပေးထားပါတယ်။ သူ့ဇာတိက ရွှေတောင်မြို့ကပါ သံဖြူဇရပ်မှာ စစ်သင်တန်း တက်ရတယ်လို့ သိရပါတယ်” ဟု ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပုလော ပကဖ အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်တွင်လည်း ခလရ ၂၆၇ နှင့် ခလရ ၁၀၃ မှ စစ်ကောင်စီ တပ်သား ၃ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး ဇူလိုင်လ ၂၀ ရက်နေ့နှင့် ၁၉ ရက်နေ့တွင် KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article