ဒီကနေ့ ဇူလိုင် ၂၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီက သူ့လက်အောက်ခံ ဗိုလ်ချုပ်ကြီးမောင်မောင်အေးကို စစ်မှုထမ်းတာဝန် ထမ်း ခဲ့သူတွေ အလုပ်ရရေးအတွက် ကော်မတီဥက္ကဋ္ဌ အဖြစ် ခန့်အပ်လိုက်ပြီးနောက် စစ်သားဟောင်း တွေ ကို အလုပ်ခန့်ပေးဖို့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေကို စစ်ကောင်စီက ဖိအားပေးလာပြန်တယ်လို့ UMFCCI ရဲ့ စီးပွားရေးသမားတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရန်ကုန်-မန္တလေး အမြန်လမ်း ၃၁၈ မိုင်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ရဲကား ၁ စီးကို တော်လှန်ရေး တပ်တွေက တိုက်ခိုက်ခြေမှုန်းရာမှာ ရဲ ၂ ဦးကတော့ ပွဲချင်းပြီးကို သေသွားတဲ့အပြင် ၊ ကားပေါ်က လက်ခဲယမ်းအချို့ကိုပါ သိမ်းဆည်းရရှိခဲ့ပြီးနောက် ရဲကားကိုပါ မီးရှို့ရှင်းလင်းခဲ့တယ်လို့ မြင်းခြံခရိုင် PDF အမှတ် ၄-၁၀ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
- မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေထဲ ပါဝင်သူတွေကို အရေးယူသွားမှာဖြစ် တယ်လို့ မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ် ၃ ခုက သတိပေးလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

Deadset legend! This post has made my whole week.