26.6 C
Yangon

မင်းလှမြို့နယ်တွင် စစ်တပ်က ကျေးရွာများသို့ ဝင်ရောက် စီးနင်းပြီး ပြည်သူ ၆ ဦးကို ဖမ်းဆီးကာ နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇူလိုင် ၂၁

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၆ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးကာ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင် ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မင်းလှမြို့နယ်၊ ညောင်ပင်သာရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူများကို စာသင်ကျောင်းအတွင်း လူစုခိုင်းကာ နေအိမ်များကို ဝင်ရောက်မွှေနှောက်ပြီး တန်ဖိုးရှိ ပစ္စည်းတွေ ရှာဖွေ ခိုးယူကာ နေအိမ်၁ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ပြည်သူ ၄ ဦးဖြစ်သည့် ညောင်ပင်သာအရှေ့ရွာမှ ကိုမိုးဒီ ၊ ကိုညီညီမိုးခန့်၊ ကိုဖိုးကုလားနှင့် ကိုဝင်းထွဋ်နောင် တို့ကိုလည်း ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

ဇူလိုင် ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင်လည်း ငလှစမ်းမှ စစ်ဘေးရှောင်ပြည်သူ ကိုမင်းဇော်နှင့် ကိုစန်းမင်းအောင်တို့၏ နေအိမ်များမှ ပစ္စည်းများကို ကားဖြင့် တိုက်ယူကာ ညောင်ပင်သာရွာ အနီးလမ်းတွင် စစ်သားများက ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။

“မင်းလှမြို့နယ်ထဲမှာ စစ်ခွေးတွေက ရွာတွေကို ဝင်စီးပြီး ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ဆက်တိုက်ကို လုပ်ဆောင်လာတယ်။ ပြည်သူတွေလည်း ဘေးလွတ်ရာကိုရှောင် နေရတယ်။ စစ်ရှောင်တွေလည်း ပေါ်တာဆွဲ ခံရတယ်။ ပြည်သူတွေ အကုန် လုံး‌ ကြောက်လန့်နေတယ်။ အကုန်လုံးလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်။ အခုသိရတာက အမည်စာရင်းနဲ့ အတိအကျပေါ့။ တခြားဖမ်းဆီးခံရတဲ့ သူတွေလည်းရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီအချိန် မင်းလှမြို့နယ်၊ စမ်းဘုတ်ရွာမှ စစ်ရှောင်နေရသည့် ဒေါ်အိန္ဒြေသူနှင့် အဒေါ်ဖြစ်သူ ဒေါ်ပိန်သေး တို့ကို မင်းလှမြို့နယ် လဝကရုံးတွင် မှတ်ပုံတင်လုပ်ပြီး ရုံးမှ ထွက်လာစဉ် စစ်ကောင်စီ တပ်သားများက စောင့်ဆိုင်း ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က ဒေါ်အိန္ဒြေသူကို ခေါ်ဆောင်ကာ မိခင် ဒေါ်မထွေးကို လက်ပံတန်းမြို့ပေါ်တွင် ထပ်မံ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article