ရန်ကုန်၊ ဇူလိုင် ၂၃
ထိုင်းနိုင်ငံ၏ပိုင်နက်နယ်မြေတွင် မြန်မာစစ်တပ်၏ ဒရုန်းပျက်ကျမှုအတွက် ထိုင်းက မြန်မာဘက်သို့ တရားဝင် ကန့်ကွက်စာပေးပို့လိုက်ကြောင်း ထိုင်းသတင်းဌာနများက ထိုင်းအာဏာပိုင်များကို ကိုးကား၍ သတင်းဖော်ပြသည်။
ယမန်နေ့ ဇူလိုင်လ ၂၂ ရက်နေ့ ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်အနီး ဘန်ခွန်မဲဝါး ကျေးရွာပတ်ဝန်းကျင် သစ်တောထဲတွင် မြန်မာစစ်တပ်၏ ဒရုန်းပျက်ကျပြီးနောက် ထိုင်း-မြန်မာ နယ်ခြားကော်မတီ (TBC) မှတစ်ဆင့် မြန်မာစစ်ကောင်စီထံသို့ တရားဝင် ကန့် ကွက်စာ ပေးပို့ခဲ့ကြောင်း၊ ထိုင်းလေပိုင်နက်ကို ချိုးဖောက်၍ ဒရုန်းဝင်ရောက်ခဲ့ခြင်းအပေါ် ကန့်ကွက်ခြင်းဖြစ် ကြောင်း သိရှိရသည်။
မြန်မာစစ်တပ်၏ ဒရုန်းတွင် ဓာတ်ငွေ့ဘူးတစ်ခုပါဝင်ပြီး ပေါက်ကွဲစေတတ်သော ပစ္စည်းများ ပါဝင်သော်လည်း ထိုင်းပိုင်နက်အတွင်း ကျရောက်ချိန်တွင် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း၊ ထိုင်းစစ်တပ်က ယင်းဒရုန်းကို သိမ်းဆည်းပြီး အန္တရာယ်ကင်းရှင်းရေး ဆောင် ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဒရုန်းသည် KNU ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စခန်းများကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် မြန်မာစစ်တပ်၏ ဒရုန်းများနှင့် အလားသဏ္ဍန် တူညီကြောင်း၊ ယခုဒရုန်းမှာလည်း KNU စခန်းများကို တိုက်ခိုက်ရန် လွှတ်တင်စဉ် ထိုင်းဘက်သို့ နယ်ကျော် ပျက်ကျခဲ့ဖွယ်ရှိကြောင်း ထိုင်းအာဏာပိုင်များ၏ သုံးသပ်ချက်အရ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



