25 C
Yangon

တော်လှန်ရေးတပ်များကို တိုက်ခိုက်ရန် စစ်ကောင်စီထံသို့ တရုတ်အစိုးရ Norinco ကုမ္ပဏီက ခဲယမ်းလက်နက်များ ပေးနေမှု သက်သေများနှင့်ထင်ရှားလာ၍ မြန်မာ့မြေပေါ်မှ တရုတ်အကျိုးစီးပွားများအတွက် မေးခွန်းထုတ်ရမည့်အချိန်ဟုဆို

Must read

ရန်ကုန်၊ ဇူလိုင် ၂၃

အကြမ်းဖက်စစ်ကောင်စီထံသို့ တရုတ်အစိုးရပိုင် Norinco လက်နက်ကုမ္ပဏီက ခဲယမ်းလက်နက်များ ထောက်ပံ့မှုမှာ သက်သေများနှင့်တကွ အထင်အရှားဖြစ်လာကြောင်း စစ်ရေးလေ့လာသူတချို့နှင့် လက်နက်ရေးရာများ သုံးသပ်ရေးသားနေသော Tactical Raptor 2.0 က ပြောဆိုသည်။

ဇူလိုင်လ ၂၀ ရက်နေ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာနှင့် ပုသိမ်ကြီးမြို့နယ်၊ သရက်ကိုင်းကျေးရွာနှင့် မြကန်သာကျေးရွာတို့ရှိ စစ်ကောင်စီတပ်စခန်းများအား လုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲများက သိမ်းပိုက်ခဲ့ရာတွင် တရုတ်နိုင်ငံအစိုးရပိုင် လက်နက်ကုမ္ပဏီဖြစ်သော Norinco က စစ်ကောင်စီထံသို့ ပေးပို့သော လက်နက်ခဲယမ်းများ ပါဝင်လာခြင်းဖြစ်သည်။

“Norinco အမှတ်အသားပါတဲ့ ပုံးတွေကတော့ မိုင်းရှင်းပစ္စည်းတွေပါ။ MDY-PDF သိမ်းမိတဲ့နေရာမှာ တရုတ်ထုတ် FPV တွေလို့ ယူဆလို့ရတဲ့ ဒရုန်းတွေလည်း တွေ့ရတယ်” ဟု Tactical Raptor 2.0 မှ တာဝန်ရှိသူက သုံးသပ်ပြောဆိုသည်။

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်က သိမ်းပိုက်ရရှိသော တရုတ်နိုင်ငံပိုင် Norinco ကုမ္ပဏီထုတ် ခဲယမ်း သေတ္တာပုံးများတွင် GBP128 Warhead ‌ဟု ရေးသားထား၍ စစ် မြေ ပြင် အင်ဂျင်နီယာသုံး ကိရိယာများဖြစ်ပြီး အထူး သဖြင့် မိုင်းကွင်းများ ရှင်းလင်းရာတွင် အသုံး ပြုနေသည့် Mine-clearing line charge MCLC ဖြစ်ကြောင်း၊ အဆိုပါ မိုင်းရှင်း ကိရိ ယာများမှာ တရုတ်စစ်တပ်တွင်လည်း အသုံးပြုနေသော မိုင်းရှင်းကိရိယာများဖြစ်ကြောင်း Tactical Raptor 2.0က ထုတ်ဖော်ပြောဆိုသည်။

“တရုတ်အစိုးရက အကြမ်းဖက်စစ်တပ်ဆီကို ခဲယမ်းနဲ့ စစ်ကိရိယာပစ္စည်းတွေကို နာမည်တပ်ပြီး တိုက်ရိုက် ထောက်ပံ့ကူညီနေတာတော့ ထင်ရှားတဲ့သက် သေတွေပဲ။ စိတ်မကောင်း စရာက ဒီလို ရှေ့တန်းစစ်မြေပြင်အထိပါ တရုတ်အစိုးရရဲ့ စစ်ဆင်ရေးပစ္စည်းတွေကို စစ်ကောင်စီက သုံးလာတာက တော် လှန်ရေးတပ်ဖွဲ့တွေကို တိုက်ရိုက်နှိမ်နင်းတဲ့ စစ် ဆင်ရေးမှာ တရုတ်အစိုးရကပါ သွယ်၀ိုက်ပါဝင်နေပြီဆိုတဲ့သဘောလို့ ပြောလို့ရတယ်။ ဒါကို တရုတ်အစိုးရက သိရက်နဲ့ပေးတာလား၊ သူမသိဘဲ စစ်ကောင်စီက ဒီလက်နက်ခဲယမ်းပစ္စည်းတွေကို ထုတ်သုံးနေတာလား အဲဒါက တစ်ပိုင်းပါ။ NUG အစိုးရအနေနဲ့က ဒါကို တရားဝင် ကန့်ကွက်ဖို့လိုတယ်လို့ မြင်ပါတယ်။ တရုတ်အစိုးရအနေနဲ့ ဒါကို တားဆီးဖို့လည်းလိုပါတယ်။ အဲဒီလိုမှမဟုတ်ရင် မြန်မာပြည်မှာရှိတဲ့ တရုတ်အကျိုးစီးပွားတွေကို တော်လှန်ရေးတပ်တွေအနေနဲ့ ကာကွယ်ပေးစရာ အကြောင်းမရှိတော့ဘူး” ဟု မြေပြင် တော် လှန်ရေးတပ်၏ တပ်မှူးတစ်ဦးက သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီထံသို့ လက်နက်ခဲယမ်းများ ထောက်ပံ့နေသော China North Industries Group Corporation Limited -Norinco ကုမ္ပဏီမှာ နိုင်ငံ တကာတွင် လက်နက်ခဲယမ်းများ ထုတ်လုပ်ရောင်းချနေသော ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည်။

တရုတ်အစိုးရ၏ နိုင်ငံပိုင် ကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး လက်နက်ခဲယမ်းများ ထုတ်လုပ်နေသော ကုမ္ပဏီလည်းဖြစ်သည်။ အဆိုပါကုမ္ပဏီက နိုင်ငံတကာနှင့်တရုတ်နိုင်ငံတွင်း ကာကွယ်ရေးဆိုင်ရာ ပရောဂျက်များကို အဓိက လည်ပတ်လုပ်ဆောင်နေသော ကုမ္ပဏီလည်းဖြစ်သည်။

အငြင်းပွားဖွယ်ရာ နိုင်ငံတကာပဋိပက္ခများနှင့် ပြည်တွင်းပဋိပက္ခများတွင် တရုတ်အစိုးရပိုင် Norinco ကုမ္ပဏီ လက်နက်ခဲယမ်းရောင်းချပေးမှုများ လုပ်ဆောင်နေပြီး မတည်မငြိမ် ဖြစ်နေသော ပါကစ္စတန်၊ ဇင်ဘာဘွေ၊ ကွန်ဂိုနှင့် ဗီနင်ဇွဲလားနိုင်ငံများမှာ ၎င်း၏ ပုံမှန် ဖောက်သည်များဖြစ်သည်။

ယခုနောက်ဆုံး ယူကရိန်းနှင့်ရုရှား စစ်ပွဲတွင် တရုတ်အစိုးရပိုင် Norinco ကုမ္ပဏီက ရုရှားထံသို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ ပေးနေပြီး အစ္စရေးနှင့်ပါလက်စတိုင်း စစ်ပွဲတွင်လည်း ပါလက်စတိုင်း ဟားမတ်တပ်ဖွဲ့က တရုတ် Norinco ကုမ္ပဏီ ထုတ် ရိုင်ဖယ်လက်နက်ထောင်ချီ အသုံးပြု၍ အစ္စရေးကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့ကြောင်း၊ အီရန်နိုင်ငံသို့လည်း ဒုံးကျည်များ တရုတ် Norinco ကုမ္ပဏီက ရောင်းချခဲ့ကြောင်း နိုင်ငံတကာ သတင်းများက ဆိုသည်။

အာဏာရှင်နိုင်ငံများနှင့် အကြမ်းဖက်အဖွဲ့များကို လက်နက်ခဲယမ်းထောက် ပံ့မှုဖြင့် အမေရိကန်အစိုးရနှင့် သမ္မတ အဆက်ဆက်က တရုတ်အစိုးရပိုင် Norinco ကုမ္ပဏီကို ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်တိုက်ဆိုသလို ချမှတ်အရေး ယူထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article