ရန်ကုန်၊ ဇူလိုင်လ ၂၃
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း The Pentagran – ငါးထောင့်ကြယ် LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် ချောင်းဦးမြို့နယ်၊ နတ်ရေကန် စစ်တပ်စခန်းမှ အရှေ့ဘက်သို့ မုံရွာ -မန္တလေးလမ်းအတိုင်း ထွက်လာသော ၆ ဘီးကား ၂ စီး၊ အိမ်စီးကား ၁ စီးပါ အင်အား ၅၀ ခန့်ရှိ စစ်တပ်စစ်ကြောင်းကို နတ်ရေကန်နှင့် ရေပိုးစားကြားနေရာ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ချောင်းဦးမြို့ရဲ့ အရှေ့ဘက်ကို ထွက်လာတာ။ သူတို့က မနေ့က မနက်က ကတည်းကနတ် ရေကန် ကို လာနဲ့ လာပို့ထားတာ၊ ကားလမ်းတလျှောက် စစ်ကြောင်းပုံစံနဲ့ ထွက်လာဖြစ်ပါတယ်။ အင်အားက ၅၀ လောက်ရှိမယ်၊ နတ်ရေကန်ရဲ့ အရှေ့ လမ်းနှစ်ခွဆုံတဲ့နေရာမှာမိုင်းဆွဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လမ်းတလျှောက်က အဖွဲ့တွေက သတင်းအချက် အ လက် ရော လုပ်ငန်းရော အတူ တူပေါင်းလုပ်ကြ တာပါ။” ဟု The Pentagran – ငါးထောင့်ကြယ် LPDF တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Pentagram – ငါးထောင့်ကြယ် LPDF ၊ မုံရွာခရိုင် ပကဖ လက်ရုံးတပ် ငမိုးရိပ် စစ်ကြောင်း ၊ Scorpion LPDF အဖွဲ့တို့ အပါအဝင် အခြားတော်လှန်ရေးအဖွဲ့များ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Pentagram – ငါးထောင့်ကြယ် LPDF တပ်ဖွဲ့အနေဖြင့် စစ်ကိုင်း – ရွှေဘို လမ်းပိုင်း၊ စစ်ကိုင်း-မုံရွာ လမ်းပိုင်း များတွင် ညီနောင် တေယ်လှန်ရေးအဖွဲ့ မျိုးစုံနှင့် အတူပူးပေါင်းကာ စစ်ဆင်ရေးများ လုပ်ဆောင်လျက်ရှိပြီး ကျည်ကာ ဦးထုပ်များလိုအပ်ချက်ရှိနေသော ပြည်သူများအနေဖြင့် ဝိုင်း ဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။
ဓာတ်ပုံ – ကရင်နီပြည်တွင် ယမန်နှစ်များအတွင်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသော စစ်ကား ၁ စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
