25 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၂၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ကောင်စီကို တရုတ်အစိုးရပိုင် Norinco ကုမ္ပဏီက ခဲယမ်းလက်နက်တွေ ထောက်ပံ့မှု ဟာ စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိထားတဲ့ သက်သေတွေနဲ့တကွ ထင်ရှားလာတာကြောင့် မြန်မာ့မြေပေါ်က တရုတ်အကျိုးစီးပွားတွေအတွက် မေးခွန်းထုတ်ရမယ့် အချိန် ရောက်လာပြီဖြစ်တယ်လို့ စစ်ရေးလေ့လာသူတချို့နဲ့ လက်နက်ရေးရာ သုံးသပ်သူတွေက ပြောထားကြ ပါတယ်။
  • ကရင်ပြည်နယ် ကျုံဒိုး-ကော့ကရိတ်လမ်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူပေါင်း တပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က သူတို့စစ်သားတွေပေါ်ကို လေယာဉ်နဲ့ မှားယွင်းဖုံးကျဲမှုကြောင့်ရော တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုတွေ အတွင်းမှာပါ သေတဲ့သူတွေ တော်တော်ကို များထားပြီး အထိနာနေတယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးတိုင်း ၊ တောင်သာမြို့နယ် တမိုက်သာ ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်က ကြံ့ဖွတ်ပါတီမြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းရဲ့ တူဖြစ်သူ ကျေးရွာ အုပ်ချုပ်ရေးမှူး ဘိုရဲကို သူတို့ အချင်းချင်းပြန်လည် ဖမ်းဆီး သတ်ဖြတ်ပြီး ရုပ်အလောင်းကို စွန့်ပစ်ထားတဲ့ သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article