25 C
Yangon

သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးရဲစခန်း စစ်တပ် ကင်းပုန်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၂၃

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးရဲစခန်း ရှေ့ရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း Mon State Revolutionary Force – MSRF မှ ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်အချိန် သံဖြူဇရပ်မြို့နယ် ထင်းရှူးရဲစခန်းအနီး ကိုက် ၂၀၀ အကွာရှိ စစ်တပ် ကင်းပုန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးကာ ၃ ဦးထက် မနည်း ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး တော် လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး ကင်းပုန်းက အင်အား ၃၀ လောက်ရှိပါတယ်။ စုစုပေါင်း သေဆုံးတာကတော့ ၅ ဦးပေါ့။ သေတဲ့ အထဲမှာ ရဲ ၂ ကောင်ပါတယ်။ ကျန်တာ စစ်ခွေးပေါ့။ ကျနော်တို့ အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ ပြောက်ကျား စစ်ဆင်းရေးကို လုပ်ဆောင်ခဲ့တဲ့အတွက် စစ်ခွေးတွေ အရှင်ဖမ်းမိတာမျိုးမရှိပါဘူး” ဟု Mon State Revolutionary Force – MSRF မှ ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ် ကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်‌‌ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာနအောက်ရှိ တပ်ဖွဲ့များဖြစ်သော မွန်ပြည်တော် လှန်ရေးတပ်(MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့နှင့် စစ်ရေးမဟာမိတ်ဖြစ်သော KNLA တပ်ရင်း ၂၇၊ တပ်ခွဲ ၁ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – Mon State Revolutionary Force – MSRF မှ တော်လှန်ရေးရဲဘော်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

Mon State Revolutionary Force – MSRF မှ တော်လှန်ရေးရဲဘော်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article