25 C
Yangon

ထိုင်း-မြန်မာနယ် နယ်စပ် သောင်ရင်းမြစ်ရေ စိုးရိမ်ရေအမှတ် အထက်သို့ မြင့်တက်နေပြီး မြ၀တီနှင့်မဲဆောက်မြို့တို့ အတွင်းသို့ ရေများ တိုးဝင်လာနေ၊ မြ၀တီမြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်းများ စတင်ဖွင့်လှစ်

Must read

ရန်ကုန်၊ ဇူလိုင် ၂၃

ထိုင်း-မြန်မာနယ် နယ်စပ် သောင်ရင်းမြစ်ရေ စိုးရိမ်ရေအမှတ်အထက်သို့မြင့်တက်နေပြီး ကရင်ပြည်နယ်၊ မြ၀တီမြို့နှင့်ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တို့ အတွင်းသို့ ရေများ တိုးဝင်လာနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၄ နာရီကျော်အချိန် သောင်ရင်းမြစ်ရေသည် မြဝတီမြို့၏ စိုးရိမ်ရေအမှတ် ၉၆၃ စင်တင်မီတာကို ကျော်လွန်သွားပြီး ရေအမှတ် ၁၀၈၆ စင်တီမီတာသို့ ရောက်ရှိနေကြောင်း၊ တောင်ကျချောင်းရေနှင့် သောင်ရင်းမြစ်ရေများမှာလည်း မြ၀တီမြို့နှင့် မဲဆောက်မြို့အတွင်းသို့ စီးဝင်လာနေကြောင်း သိရှိရသည်။

“သောင်ရင်းမြစ်ရေကလည်း ဆက်တိုက် တိုးနေတယ်။ တောင်ကျချောင်းရေတွေကလည်း အရမ်းကိုများနေတယ်။ အခုညနေမှာ ရေတွေ အလုံးအရင်းနဲ့ကို ဝင်လာတာ။ တော်တော်များတယ်။ အခုတော့ ကယ်ဆယ်ရေးစခန်း၁၁ ခု ဖွင့်ထားပြီ။ မြ၀တီမြို့ အနိမ့်ပိုင်းတွေ ညမမှောင်ခင် ရွှေ့ပြောင်းသင့်တယ်” ဟု မြ၀တီမြို့ ရေဘေးကယ်ဆယ်ရေးမှ ပရဟိတအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း ဝီဖာဆိုင်ကလုန်းမုန်တိုင်းသည် ကော်သူလေး အပါအဝင် မြန်မာနိုင်ငံ၏ အရှေ့တောင်ဘက်သို့ ဇူလိုင်လ ၂၃ ရက်နေ့နှင့် ဇူလိုင်လ ၂၄ ရက်နေ့တို့တွင် ဝင်ရောက်တိုက်ခတ်နိုင်သဖြင့် ရေကြီးခြင်း၊ မြေပြိုခြင်း၊ ရေလွှမ်းမိုးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ယနေ့ အထူးသတိပေးချက်တစ်ရပ်ကို ထုတ်ပြန်သည်။

လတ်တလော ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင်လည်း နေရာအနှံ့အပြားရေကြီးနေသဖြင့် ထိုင်းအာဏာပိုင်များက ကယ်ဆယ်ရေးနှင့် ကူညီရေး များ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း ထိုင်းသတင်းမီဒီယာများက သတင်းဖော်ပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article