ရန်ကုန်၊ ဇူလိုင် ၂၄
ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီအချိန် နေပြည်တော်စစ်ရုံးတွင် ပြုလုပ်ခဲ့သော စစ်ဘက်ဆိုင်ရာ အစည်း အဝေးတွင် မြို့တချို့ကို စစ်တပ်က ပြန်လည် သိမ်းယူမှုနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့ (စစ်တပ်၏ ညွှန်ကြားချက်တွင် သောင်းကျန်းသူအကြမ်းဖက် အဖွဲ့များဟု ဖော်ပြ) များအကြား ၊ အဖွဲ့တစ်ခုနှင့် အခြားအဖွဲ့တစ်ခုအကြား ယုံကြည်မှု၊ နားလည်မှု နှင့် သွေးကွဲ ပျက်ပြားစေရန် နယ်မြေခံ တပ်ရင်း၊ တပ်ဖွဲ့များက လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ သွေးကွဲစေရေး ဆောင်ရွက်ရာတွင် နယ်မြေခံ တော်လှန် ရေး အဖွဲ့များ၏ ခေါင်း ဆောင်များကို စည်းရုံးရေး လုပ်ဆောင်ရ မည်ဖြစ်ကြောင်း၊ အခွင့်အရေးပေးခြင်းနှင့် လက်နက်ကိုင် စိတ်ဓာတ်ပျက်ပြားစေရန် နည်းလမ်းမျိုးစုံဖြင့် သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့များက စည်းရုံးသိမ်းသွင်းဆောင်ရွက်ရမည်ဟု ညွှန်ကြားသည်။
ထို့ပြင် ရှေ့တန်းစစ်မြေပြင်များနှင့် စစ်ဆင်ရေး နယ်မြေများတွင် ဦးစီးကွပ်ကဲနေရသော စစ်ဆင်ရေး စစ်တပ် ခေါင်းဆောင်ငယ်များအနေဖြင့် မိမိတို့ တာဝန်ယူထားသော ဒေသတော်လှန်ရေးတပ်များ၏ အားနည်း ချက်၊ အားသာချက်များ၊ တော်လှန်ရေးတပ်အဖွဲ့များအတွင်း ဖြစ်ပွားနေသော ပြဿနာများကို စုံစမ်းဖော်ထုတ်ကာ ယင်းပြဿနာများကို အခြေတည်၍ စည်းရုံး သိမ်းသွင်းရမည်ဟု ညွှန်ကြားသည်။
တော်လှန်ရေးအဖွဲ့အချင်းချင်း ပြန်လည် တိုက်ခိုက်မှုများရှိလာပါက ယင်း သတင်းများကို စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးဌာန၊ စရဖတို့ကို အချိန်နှင့်တပြေး ညီတင်ပြရန်၊ ယင်းသို့ သော ပြဿနာများကို လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် အမြန်ဆုံး ဖြန့်ဝေခြင်းဖြင့် လက်နက်ကိုင်အဖွဲ့များအကြား သွေးကွဲစေရေး ဆောင်ရွက်ရန် ညွှန်ကြားချက်တွင် ပါရှိသည်။
ဓာတ်ပုံ – ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း မင်းအောင်လှိုင် စီစဉ်ညွှန်ကြားနေသော ရန်နိုင်မင်း စစ်ဆင်ရေး အစည်းအဝေးတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
