27.7 C
Yangon

မြ၀တီမြို့တွင် သောင်ရင်းမြစ်ရေက စိုးရိမ်ရေအမှတ်အထက် ၉ ပေခွဲခန့် ကျော်လွန်နေပြီး ၃ ပေခန့် ဆက်လက်မြင့်တက်လာနိုင်၍ ပြည်သူများ ရေဘေးဒုက္ခကြုံနေရ

Must read

ရန်ကုန်၊ ဇူလိုင် ၂၄

ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် သောင်ရင်းမြစ်ရေက စိုးရိမ်ရေအမှတ်အထက် ၉ ပေခွဲခန့် ကျော်လွန်နေပြီး ၃ ပေခန့် မြစ်ရေဆက်လက်မြင့်တက်နိုင်၍ ပြည်သူများ ရေဘေးဒုက္ခကြုံနေရကြောင်း ဒေသပြည်သူများနှင့် ကယ်ဆယ်ရေးသမားများထံမှ သိရှိရသည်။

ယမန်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်မှစတင်၍ သောင်ရင်းမြစ်ရေသည် တအိအိမြင့်တက်လာခဲ့ရာမှ မြဝတီမြို့၏ စိုးရိမ်ရေအမှတ် ၉၆၃ စင်တင်မီတာကို ကျော်လွန်သွားခဲ့ကြောင်း၊ ယခုအခါ မြ၀တီမြစ်ရေမှာ စိုးရိမ်ရေအမှတ်အထက် ၉ ပေခွဲခန့်ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ၃ ပေခန့် ထပ်မံမြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

“အခု ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားပြီ။ မနေ့ညကတည်းက ပြောင်းရွှေ့မှုတွေ လုပ်နေတာပါ။ အခုတော့ ရေဘေးကယ်ဆယ်ရေးစခန်း ၇ ခုလောက် လူအပြည့်ပါပဲ။ မြစ်ရေက ဆက်တိုးနေတုန်းပဲ” ဟု မြ၀တီမြို့အခြေစိုက် ကယ်ဆယ်ရေးသမားတစ်ဦးက ရှင်းပြသည်။

လတ်တလော မြစ်ရေက အနိမ့်ပိုင်းအောက်ချိုက်နေရာများ၊ ကြံခင်းလမ်း ၊မြဝတီမြို့ အမှတ်၄ရပ်ကွက် ကျောက်ဖျာဂိတ်အောင့်ချိုင့်နေအိမ်များ၊အမှတ် ၅ ရပ်ကွက်သရက်ပင်ဂိတ်အောက်ချိုင့်နေအိမ်များ၊ အမှတ် ၂ သဲပုံဂိတ် အောက်ချိုင့်၊ ခွန်ဆာဝင်းအောက်ချိုင်၊စိန်နဂါးဟော်တယ် လမ်း၊ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတားထိပ်၊ အာရှလမ်းမကြီး၊ ညဈေးထိပ်၊ သံတံတားကားဝင်းလမ်း၊ သရက်ပင်ဂိတ်၊ အမှတ်၂ ခရမ်းဆွဲလမ်းနေရာများတွင် ရေများ အကြီးအကျယ် ဝင်ရောက် နစ်မြုပ်နေကြောင်း သိရှိရသည်။

“အထက်ပိုင်းမှာ မိုးတွေ ရွာနေတုန်းဆိုတော့ ရေက ဆက်ပြီး တိုးဦးမယ့်သဘောရှိတယ်။ တောင်ကျချောင်းရေရော၊ သောင်ရင်းမြစ်ရေရော အကုန် စုပြုံပြီး တိုးလာတာ။ ရေကြီးတာစံချိန်မတင်ပါစေနဲ့ပဲ ဆုတောင်းရတယ်” ဟု မြ၀တီမြို့ခံတစ်ဦးက ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း ဝီဖာဆိုင်ကလုန်းမုန်တိုင်းသည် ကော်သူလေး အပါအဝင် မြန်မာနိုင်ငံ၏ အရှေ့တောင်ဘက်သို့ ဇူလိုင်လ ၂၃ ရက်နေ့နှင့် ဇူလိုင်လ ၂၄ ရက်နေ့တို့တွင် ဝင်ရောက်တိုက်ခတ်နိုင်သဖြင့် ရေကြီးခြင်း၊ မြေပြိုခြင်း၊ ရေလွှမ်းမိုးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ယမန်နေ့ အထူးသတိပေးချက်တစ်ရပ်ကို ထုတ်ပြန်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article