ဒီကနေ့ ဇူလိုင် ၂၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မန္တလေးမြို့အနီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ သိမ်းပိုက်ထားတဲ့ သရက်ကိုင်းနဲ့ မြကန်သာရွာဘက်ကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ မနေ့က ညနေပိုင်းမှာ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာမှာ တပ်စွဲပြီး ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက် စစ်တပ်ကို ၂ ကြိမ်တိုင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး တပ်ပျက်ကာ ထွက်ပြေးသွားတယ်လို့ သာယာဝတီခရိုင် စစ်ရေးတာဝန်ခံ ရဲဘော်သစ္စာက ပြောပါတယ်။
- မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးရဲစခန်းရှေ့က အကြမ်းဖက်စစ်တပ်ကင်းပုန်းကို ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
