26.3 C
Yangon

သီပေါမြို့ကို စစ်တပ်က ဝင်ရောက်တော့မည်ဖြစ်၍ ပြည်သူများ ယာယီထွက်ခွာရန်ဆိုသော ကောလာဟလများဆက်တိုက် ထုတ်လွှင့်နေသဖြင့် ပြည်သူအများစု ထွက်ပြေးတိမ်းရှောင်

Must read

ရန်ကုန်၊ ဇူလိုင် ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော သီပေါမြို့ သို့ စစ်တပ်က ဝင်ရောက်တော့မည်ဖြစ်၍ ပြည်သူများ ယာယီထွက်ခွာကြရန်ဆိုသော ကောလဟလများဆက်တိုက် ထုတ်လွှင့်နေကြောင်း သီပေါမြို့မှ ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၅ ရက်နေ့ စစ်တပ်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို ပြန်လည် သိမ်းပိုက်ပြီးနောက် သီပေါမြို့ကိုလည်း မကြာမီ ထိုးစစ်ဆင်တော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် သီပေါမြို့မှ ပြည်သူများ ၃ ရက်အတွင်း ထွက်ခွာရန်ဆိုသော ကောလာ ဟလများကို ဆက်တိုက် ထုတ်လွှင့်နေကြောင်း၊ အခြားတစ်ဖက်တွင်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသဖြင့် သီပေါမြို့မှ ပြည်သူအများစု မြို့ကို စွန့်ခွာ နေကြကြောင်း သီပေါမြို့ခံ ပရဟိတ သမားတစ်ဦးက ပြောဆိုသည်။

“သီပေါကို ၃ ရက်အတွင်း စစ်တပ်က ဝင်တော့မယ်။ ပြည်သူတွေ ထွက်ခွာကြပါတော့။ မြို့ကို ဝင်လာရင် လက်နက်ကြီးနဲ့ လေယာဉ်တွေနဲ့ ဗုံးကျဲမယ်။ မြေကျန်ရင်ရပြီ အဲဒါကြောင့်မို့လို့ ပြည်သူတွေ ထွက်ခွာပါဆိုပြီး လူမှုကွန်ရက်ကနေ ဝါဒဖြန့်တာတွေလုပ်တယ်။ အဲဒါကို မြို့ခံတွေထဲမှာလည်း ပါးစပ်သတင်း ပြန်ဖြန့်တယ်။ တစ်ဖက်မှာလည်း လေကြောင်းတိုက်ခိုက်တာတွေ လုပ်တော့ မြို့ပေါ် ပြည်သူတော်တော်များများ ထွက်ပြေးနေကြရတယ်။ နေအိမ်မှာ အစောင့်ပဲချန်ပြီး တော်တော်များများ စစ်ရှောင်ကုန်ကြပြီ” ဟု သီပေါမြို့မှ ပရဟိတသမားက ပြောဆိုသည်။

သီပေါမြို့မှ မန္တလေးသို့ စစ်ဘေးရှောင်ခဲ့သော ပြည်သူ ၁ ဦးကလည်း စစ်တပ်က သီပေါမြို့သို့ တိုက်ခိုက်မည်ဆိုသော သတင်းများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီတပ်က သီပေါမြို့ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ဆိုသလို လုပ်ဆောင်လျက်ရှိရာ ယမန်နေ့ ဇူလိုင်လ ၂၃ ရက် နေ့ နံနက် ၀၀ နာရီ ၅ မိနစ်အချိန် ယခင်စစ်တပ်၏ ခလရ ၂၃ တပ်ရင်းစခန်းဟောင်းကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၁လုံး လာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း TNLA ကသတင်းထုတ်ပြန်သည်။

အလားတူ ဇူလိုင်လ ၂၀ ရက်နေ့လည်း ၎င်းတပ်စခန်း ခလရ ၂၃ အတွင်း ဂျက် ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၁ လုံး လာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ဇူလိုင်လ ၄ ရက်နေ့တွင် ၁ ကြိမ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် ၁ ကြိမ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ၁ ကြိမ် ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုများတည်ရှိရာကို ဦးတည်ပြီး ဗုံးလာရောက်ကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးသွားခဲ့ပြီး ၅ ဦးဒဏ်ရာရရှိကြောင်း ၊ ထို့ပြင် နေအိမ် ၁၃ အိမ်၊ အဆောက်အဦး ၆ လုံးနှင့် အ.မ.က ၁ ကျောင်း ရှိ ကျောင်းဆောင်များ ဗုံးစထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ဇူလိုင်လ ၁၄ ရက်နေ့ သီပေါမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article