ဒီကနေ့ ဇူလိုင် ၂၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တော်လှန်ရေးတပ်တွေအကြား အချင်းချင်း ယုံကြည်နားလည်မှု ကွဲပြားအောင်လုပ်ဖိုနဲ့ PDF တွေ အစုလိုက် အပြုံလိုက် အလင်းဝင်လာအောင် အခွင့်အရေးပေးတာမျိုး အပြင် ၊ လက်နက်ကိုင် စိတ်ဓာတ်တွေ ပျက်ပြားအောင် စည်းရုံးသိမ်းသွင်းရမယ်ဆိုပြီး စစ်ကောင်စီက အရေးပေါ် ညွှန်ကြားချက် ထုတ်လာပြန်တယ်လို နေပြည်တော်စစ်တပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ပဲခူးတိုင်းက ဇီးကုန်းမြိုနယ် အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာပြန်တဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သား တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝိုင်းဝန်းတိုက်ခိုက်ခြေမှုန်းရာမှာ စစ်ကောင်စီတပ်သား ၇ ဦးကတော့ အသီးသီးသေကုန်ကြပြီးနောက် သူတိုစစ်သားတွေရဲ့ မသာအလောင်းတွေကို သယ်ပြီး ပြန်ဆုပ်ပြေးသွားကြ တယ်လို BTZM GBK ပဲခူးရိုးမအခြေပြု PDF တပ်ဖွဲရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ကရင်ပြည်နယ် မြ၀တီမြိုမှာ သောင်ရင်းမြစ်ရေက စိုးရိမ်ရေအမှတ်အထက် ၉ ပေခွဲဝန်းကျင် ကျော်လွန်နေပြီး နောက်ထပ် ၃ ပေဝန်းကျင် ဆက်လက်မြင့်တက်လာနိုင်တဲ့အတွက် ပြည်သူတွေ ရေဘေးဒုက္ခကြုံနေရတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
