ရန်ကုန်၊ ဇူလိုင် ၂၄
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ကျောက်ခဲချောင်း ကားလမ်းခွဲတွင် လမ်းဘေးဈေးသည်များကို အကြမ်းဖက် စစ်တပ်က လိုက်လံဖမ်းဆီးရာ ပြည်သူ ၆ ဦးဖမ်းဆီးခံရပြီး ထွက်ပြေးသူများ၏ နေအိမ်များကို လိုက်လံ မီးရှို့နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၁ ရက်နေ့တွင် ရေကြည်မြို့နယ် ညောင်မှော်ကျေးရွာအုပ်စုရှိ ကျောက်ခဲချောင်း ကားလမ်းခွဲတွင် လမ်းဘေးဈေးသည်များကို အကြမ်းဖက် စစ်သားများက လိုက်လံ ဖမ်းဆီးရာ အမျိုးသား ၄ ဦး ထွက်ပြေး လွတ်မြောက်သွားပြီး အမျိုးသမီး ၄ ဦး ကို ငါးသိုင်းချောင်း ရဲစခန်းကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။
ဇူလိုင်လ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်သား လိုက်လံ ဖမ်းဆီးစဉ် ထွက်ပြေးလွတ်မြောက်သွားသူများ၏ နေအိမ်များကို သာပေါင်းမြို့နယ်အတွင်းရှိ ဘုရားကုန်း ရဲစခန်းနှင့် ကမ်းနီ ရဲစခန်းမှ ရဲများက ဝင်ရောက် စီးနင်းရှာဖွေမှုများ လုပ်ဆောင်သွားကြောင်း သိရှိရသည်။
ထိုသို့ ရှာဖွေ သိမ်းဆည်းမှုများ ပြုလုပ်ပြီးနောက် ဇူလိုင်လ ၂၂ ရက်နေ့ ညပိုင်းတွင် အလယ်ကျွန်းရွာမှ ထွက်ပြေးလွတ်မြောက်နေသော ဈေးသည် ကိုဝင်းအောင် နေအိမ်ကို အကြမ်းဖက် စစ်သားနှင့် ရဲများ ထပ်မံ ရောက်ရှိလာပြီး နေအိမ်ကို မီးရှို့ဖျက်စီးကာ ကျေးရွာနေ ပြည်သူ ၂ ဦးကိုလည်း ဝင်ရောက် ဖမ်းဆီးသွားကြောင်း သိရသည်။
“ကျောက်ခဲချောင်း ကားလမ်းခွဲမှာ ဈေးရောင်းတဲ့ လမ်းဘေးဈေးသည်တွေကို စစ်ခွေးတွေက လိုက်ဖမ်းပြီးတဲ့ နောက်မှာ နေအိမ်တွေကိုပါ ဝင်ရှာတာတွေလုပ်ပြီး ကိုဝင်းအောင်နေအိမ်ကို မီးရှို့သွားတာ အခုဖမ်းဆီးခံထားရတဲ့ ပြည်သူက ၆ ဦးထိရှိသွားပြီ စစ်ခွေးတွေ ဘာသတင်းတွေရပြီး လုပ်နေတာလည်းဆိုတာတော့ အသေးစိတ် မသိရသေးဘူး” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
Photo – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် ( ပုံအဟောင်းဖြစ်သည်)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
