ရန်ကုန်၊ ဇူလိုင် ၂၄
လက်ရှိဖြစ်ပေါ်နေသော ထိုင်းနိုင်ငံနှင့်ကမ္ဘောဒီးယားနှစ်နိုင်ငံ စစ်ရေးအခြေအနေတင်းမာမှုများကြောင့် နယ်စပ်ဒေသများတွင် နေထိုင်နေကြသည့် မြန်မာနိုင်ငံသားများ လုံခြုံဘေးကင်းရေးအတွက် သတိပြုလိုက်နာဆောင်ရွက်နိုင်ရန် အကြံပြုချက်များ ထုတ်ပြန်ကြောင်း၊ အဆိုပါ အကြံပြုချက်များတွင် ထိတွေ့တိုက်ပွဲများတွင် အရပ်သားပြည်သူများ၏ ဘေးကင်းလုံခြုံစေရေး စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ သတိပြုစရာများကို မျှဝေထားသည်။
အဆိုပါ အကြံပြုချက်များမှာ
“၁- တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဒေသတွေရဲ့ ရေမြေအနေအထားနဲ့ တိုက်ပွဲရဲ့ ပြင်းထန်မှုပေါ်မူတည်ပြီး တစ်ဦးချင်းစီရဲ့ ရင်ဆိုင်တုံ့ပြန်မှုကလည်း ကွဲပြားနိုင်ပါတယ်။
၂- ဒီလိုအခြေအနေမှာ ဖြစ်လာနိုင်တဲ့အန္တရာယ်ကို ကြိုတင်သတိရှိပြီး ပြင်ဆင်ဆောင်ရွက်ကြဖို့ အင်မတန်အရေးကြီးပါတယ်။
၃- တိုက်ပွဲဖြစ်နေတဲ့ နေရာဒေသအသီးသီးက တိုင်းရင်းသား ညီကိုမောင်နှမတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေအတွက် တနည်းနည်းနဲ့ အထောက်အကူပြုနိုင်ဖို့ မျှဝေပေးခြင်းဖြင့် ချစ်ခြင်းမေတ္တာကို ပြသနိုင်ပါတယ်” တို့ဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





