26.3 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၂၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ဒီကနေ့ ဇူလိုင်လ ၂၄ ရက်နေ့မနက်ပိုင်းကစပြီး ထိုင်း နဲ့ ကမ္ဘောဒီးယား နယ်မြေ အငြင်းပွားမှုကနေ အပြန်အလှန်ပစ်ခတ်မှုနဲ့ စစ်ပွဲအဖြစ် နာရီပိုင်းအတွင်း အရှိန်မြင့်တက်လာပြီး ထိုင်းပြည်သူ ၈ ဦးထက် နည်း သေဆုံးထားတဲ့အပြင် ၊ ထိုင်းလေတပ်ကပါ ကမ္ဘောဒီးယားစစ်စခန်း ၂ ခုကို ဗုံးကျဲလိုက်တဲ့အတွက် ပြည်ပရောက် မြန်မာတွေ အနေနဲ့ အဲ့ဒီ့ ပဋိပက္ခကို မီးလောင်ရာလေပင့် မလုပ်ကြပဲ သတိပြု နေထိုင်ကြဖို့ကိုပါ NUG က တိုက်တွန်းထားပါတယ်။
  • မြန်မာ့ပြည်တွင်းရေးမှာတော့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ ကုလသမဂ္ဂဆိုင်ရာ မလေးရှားသံ အမတ်ကြီး တို့တွေ့ဆုံပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ဆွေးနွေးခဲ့ကြပြီး နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ဖိုရမ်ကိုလည်း CRPH က တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
  • မကွေးတိုင်းက မြစ်ခြေမြို့မှာ ပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက လိုက်လံတိုက်ခိုက်ခြေမှုန်းရာမှာ စစ်ကောင်စီတပ်သား ၁၅ ဦး ဝန်းကျင်ကတော့ အသီးသီး သေကုန်ကြပြီး ဒဏ်ရာရတဲ့သူတွေလည်း ရှိသွားပြီးနောက် အဲဒီ သူတို့စစ်သားအလောင်းတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို မိတ္တီလာဘက် သယ်သွားကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article