28.7 C
Yangon

မန္တလေးမြို့၊ ရွှေနန်းသုခရွှေဆိုင် ဓားပြတိုက်ခံရပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကာ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇူလိုင် ၂၄

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ ရွှေနန်းသုခရွှေဆိုင် ဓားပြတိုက် ခံရပြီးနောက် အကြမ်းဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကာ အမျိုးသား ၂ ဦး ထိခိုက်မှုရှိကြောင်း ဒေသသတင်းရင်းမြစ် Voice Of Mandalay (Vomdy) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မဟာအောင်မြေမြို့နယ် ၃၉ လမ်း၊ ၈၅ လမ်း ၈၆ လမ်း ကြားရှိ ရွှေနန်းသုခရွှေဆိုင်ကို လက်နက်ကိုင်ဆောင်ထားသော သေနတ်သမားများက ဝင်ရောက် ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဓားပြတိုက်မှုဖြစ်ပွားပြီး မကြာခင်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရောက်ရှိလာပြီး အပြန်အလှန် ပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီး လူနာတင်ကားများ ရောက်ရှိလာကြောင်း သိရှိရသည်။

“ဓားပြတွေကို ဖမ်းမိလားဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ ပစ်ခတ်မှု ဖြစ်တဲ့ အချိန် အကုန်ထွက်ပြေးကျရတယ်။ သေနတ်သံ ၁၀ ချက်လောက်တော့ ကြားရတယ်လို့ သိရတယ်။ လက်နက်ကိုင်ဆောင်ထားတဲ့ သူတွေက ရွှေဆိုင် ဓားပြတိုက်နေချိန်မှာ စျေးထဲကို စစ်ခွေးတွေ ရောက်ရှိလာလို့ ဓားပြလာတိုက်တဲ့ သူများတွေနဲ့ အပြန်အလှန် ပစ်ခတ်ကြတာလို့သိရတယ်။ အခု လူနာ တင်ကားတွေရောက်နေတယ်” ဟု Voice Of Mandalay (Vomdy) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထိုသို့ ပစ်ခတ်မှုဖြစ်ပွားခဲ့သော နေရာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထပ်မံ ရောက်ရှိလာပြီး လမ်းများကို ပိတ်ဆို့ထားတာ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်း မဏီစလကလည်း မန္တလေးမြို့ ၃၉လမ်း ၈၅လမ်းထောင့်ရှိ ရွှေနန်းသုခရွှေဆိုင် ဓားမြတိုက်ခံရမှုကို အတည်ပြုထားပြီး ပစ်ခတ်မှုကြောင့် အမျိုးသား ၂ ဦး ထိခိုက်ခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article