26.3 C
Yangon

မြန်မာပြည်သူများကို စစ်ပွဲများ ဆင်နွှဲ၍ သတ်ဖြတ်နေသော စစ်ကောင်စီက ထိုင်းနှင့်ကမ္ဘောဒီးယား ပဋိပက္ခကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရေး အကြမ်းဖက် ဇော်မင်းထွန်း အကြံပြု ပြောဆို

Must read

ရန်ကုန်၊ ဇူလိုင် ၂၅

မြန်မာပြည်သူများကို စစ်ပွဲများ ဆင်နွှဲ၍ သတ်ဖြတ်နေသော စစ်ကောင်စီက ထိုင်းနှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံပဋိပက္ခကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရန် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ အကြမ်းဖက် ဇော်မင်းထွန်းက အကြံပြု ပြောဆိုလိုက်သည်။

ယမန်နေ့ သတင်းမီဒီယာများသို့ ပေးပို့လိုက်သော အကြမ်းဖက်ဇော်မင်းထွန်း ၏ အသံဖိုင်တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။

ထိုင်းနှင့်ကမ္ဘောဒီးယားတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အပြင် စစ်ကောင်စီ၏ ရင်းနှီးသော မိတ်ဆွေနိုင်ငံများဖြစ်ကြောင်း၊ ထို့ကြောင့် ပဋိပက္ခကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းမည်ဟု ယုံကြည်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

“ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ မြန်မာနိုင်ငံနဲ့ ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံများဖြစ်ပါတယ်။ အာဆီယံမိသားစုဝင်များလည်းဖြစ်ပါတယ်။ ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ကပဋိပက္ခကို ငြိမ်းချမ်းသော နည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ်လို့ မြန်မာနိုင်ငံအနေနဲ့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် လုံခြုံရေး သတိပြုကြရန်နှင့် အခက်အခဲရှိလျှင် စစ်ကောင်စီ၏ သံရုံးများသို့ ဆက်သွယ်နိုင်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

ထိုင်းနှင့်ကမ္ဘောဒီးယား ပဋိပက္ခကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရန် အကြံပြုနေသော စစ်ကောင်စီမှာ နိုင်ငံတော်အာဏာကို အကြမ်းဖက် သိမ်းယူပြီး မြန်မာပြည်သူများကို လေကြောင်းဖြင့် ဗုံးကျဲ သတ်ဖြတ်နေသော စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ကြေညာထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article